ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Z4 root

Android phone တွေကို အလွယ်တကူ Root လုပ်ချင်ရင်တော့
Z4root ကို သာသုံးလိုက်ပါ Root လုပ်တယ်ဆိုတာကလဲ
အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application

တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်
Z4root အသုံးပြုသူဆိုရင်တော့ အောက်ပါတင်ထားတဲ့  Compatible
ဖြစ်သည့် ဖုန်းအမျိုးအစားများကိုသာလျင် Root လုပ်ပါရန် ကြိုတင်
သတိပေးအပ်ပါသည်။

Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Huawei C8500
Huawei C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1


အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင်
Z4root.apk ကို Download လုပ်ယူပါ။

     


1. Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။

2. မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။
 ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့
Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီး
နောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို
Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။

3. Z4root Application ကို အသုံးပြုကြည့်ပါမယ်။ Menu ထဲတွင်
  Z4root ကို ရှာပါ။ ဝင်ပါ။

4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။
 Temporary Root နဲ့ Permanent Root ပါ။

Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။
 ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။

ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို
 ရွေးချယ်ရပါမည်။ Permanent Root ကို ​ရွေးချယ်ပြီးပါက Rooting
လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS
 ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့်
Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root
လုပ်တာ အောင်မြင်ပါပြီ။ Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့်
တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။
 

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......