ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

ADB Driver (သို့) Google Android USB Driver သွင်းနည်း..

Android ဖုန်းတွေကို Root မယ်ကွန်ပြူတာနဲ့ချိတ်မယ်ဆို ကွန်ပြူတာက
ကိုယ့်ဖုန်းကိုသိဖို့ Driver ကအဓိက ပါ ။ADB Driver လေးသွင်းထား
ရင်တော့ Android ဖုန်းတော်တော်များများအတွက် Driver ကိစ္စ
အိုကေပါပြီ ADB Driver သွင်းမယ်ဆိုမှတော့ ADB Driver လေးကို
ဒေါင်းထားရမှာပေါ့
                    

ဒေါင်းပြီးရင်တော့ရှာလို့လွယ်မဲ့နေရာမှာဖြည်ထားလိုက်ပါဥပမာ Desktop
လိုနေရာ ပေါ့ပြီးရင်တော့စပါမယ်။ ADB သွင်းနည်းကို Windows 7 နဲ့
Windows XP မှာသွင်းနည်းဆိုပြီးခွဲပြပေးသွားပါမယ်။ Window 7 မှာ
ADB Driver သွင်းနည်းအရင်ဆုံးဖုန်းကိုကွန်ပြူတာနဲ့ချိတ်ပါ။
Device manager ခေါ်ပါမယ်။Device manager ခေါ်ဖို့ Keyboard မှ
 Windows key နဲ့ R ကိုတွဲနှိပ် ရိုက်ပြီး devmgmt.msc ရိုက်ပြီး Enter
 နှိပ်လိုက်ပါ(သို့ ) Desktop ပေါ်မှ My Computer ကို Right click နှိပ်
Manage ကိုနှိပ်ပါ Device Manager ထဲဝင်ပါ။Other Device ခေါင်းစဉ်
အောက်တွင် Unknown Device (သို့) Android လို့ပေါ်နေပါမယ်။
အဲဒါလေးကို Right click နှိပ်ပြီး Update Driver Software ဆိုတာလေး
ရွေးပေးပါပြီးရင် Browse my computer for Driver Software>>
အောက်ကပုံအတိုင်း Browse ကိုနှိပ် Desktop ပေါ်မှာဖြည်ထားတဲ့
Android USB Driver >>usb Driver ကိုရွေးပေးလိုက်ပါ။ထို့ နောက်
Next နှိပ်ပါ Box တစ်ခုပေါ်လာရင် install this driver software anyway
ကိုနှိပ်ပေးလိုက်ပါ Windows has successfully updated your driver
software လို့ ပေါ်လာရင် Driver သွင်းလို့ ပြီးပါပြီ။ Window Xp မှာ
ADB Driver သွင်းနည်း ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ပါ Welcome to found
new Hardware wizard ဆိုပေါ်ပါမယ်။ဒုတိယ အကြောင်းရွေး Next နှိပ်ပါ။
Install from a list orspecifi location ကိုထပ်ရွေးပါ။ Search for the best
ကို ကိုရွေး search removable media ကိုရွေးထားရင်ဖြုတ်ပါ။Include this
 location in the search ကို ရွေးပါ။ Browse ကိုနှိပ်ပြီး ဖြည်ထားတဲ့နေရာမှ
Driver လမ်းကြောင်းကိုပေးလိုက်ပြီး Next နှိပ်ြပီး Install လုပ်လိုက်ပါ။

အားလုံး အဆင်ပြေကြပါစေ.....

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......