ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

မိမိ ကွန်ပြုတာမှာ "Shut Down" icon လေးသုံးကြရအောင်

မိမိကွန်ပျူတာ desktop ပေါ်မှာ shutdown icon လေး 
လုပ်ကြည့်ကြရအောင် ။အရမ်းလွယ်ပြီးတော့ အရမ်း လည်း
ကောင်းပါတယ် ။ Start Menu ကိုသွားစရာမလို တော့ ဘူးပေါ့ဗျာ ။
 အဆင့် (၁)။ desktop ပေါ်မှာ Right Click ထောက်လိုက်ပါ။
အဆင့် (၂)။ New မှ Shortcut ကိုနှိပ်ပါ။
အဆင့်(၃)။ ပုံမှာပြထားသလိုပဲ shutdown -s -t 0 ရိုက်ထည့်ပါ။ ပြီးလျှင်
Next ပေးပါ ။ 0 နေရာမှာ မိမိကြိုက်တဲ့ နံပါတ်ကို ပေးလို့ရပါ တယ် ။ 
အဲဒီအိုင်ကွန်လေးကို နှိပ်ပြီးတော့ shutdown ကျသွားမယ့်အချိန်ဖြစ်ပါတယ် ။
အဆင့်(၄)။ Type a name for this shortcut မှာ မိမိကြိုက်တဲ့ နာမည်ရိုက်
ထည့်ပါ ။ ပြီးလျှင် finish ပေးပါ။ဒါဆိုရင် desktop ပေါ်မှာ shutdown icon
လေးပေါ်လာတာ တွေ့ပါလိမ့်မယ် ။ ပေါ်လာတဲ့ shutdown icon လေးကို
မကြိုက်ဘူး မိမိစိတ်ကြိုက် အိုင်ကွန်ပုံစံပြောင်းချင်တယ် ဆိုရင်တော့ 
shutdown icon လေးကို Right Click ထောက်ပြီးတော့ Properties မှ
 Change Icon ကိုနှိပ်ပြီး မိမိပြောင်းချင်တဲ့ အိုင်ကွန်ပုံစံလေးပေးလိုက်ပါ။ 
စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Ok ပေးလိုက်ပါ ။ ဒါဆိုရင် မိမိ ပြောင်း လိုက် တဲ့ 
အိုင်ကွန်ပုံလေး ပေါ်နေပါ လိမ့် မယ် ။


ကဲ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......