ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Windows 8 မှာဖြစ်တတ်တဲ့ ပြဿနာတော်တော်များရဲ့ တရားခံ

ဒီပိုစ်ကတော့ ကျနော် အိုင်တီမုဆိုး ဆိုက်ကနေ ကူးယူဖော်ပြတာပါ နည်းပညာ
တွေကို ကျနော်သိရရင် သူငယ်ချင်းတွေကိုလဲ သိစေချင်တဲ့ ဆိုပြီး ဝေမျှလိုက်တာပါ
Windows 8 ဟာ မထွက်ခင်က နံမည်ကြီးခဲ့သလိုပဲ တစ်ကယ်ထွက်လာတဲ့အခါမှာလည်း
အံ့သြစရာကောင်းလောက်တဲ့ Feature တွေ လုပ်ဆောင်ချက်တွေနဲ့ User တွေကို
ကျေနပ်နှစ်သက်မှု ပေးနိုင်တာတွေ့ရပါတယ် ..
သူ့ရဲ့ အားသာချက်တွေအများကြီး ရှိပါတယ် .. အဲဒီအားသားချက်တွေထဲကမှ အံ့သြစရာလည်းကောင်းသလို Windows 8 User တွေကို ကျေနပ်စေတဲ့ Function ပိုင်းဆိုင်ရာ အားသာချက်တွေကတော့

(၁) Boot တက်တာ .. Shutdown ကျတာကအစ အခြားလုပ်ဆောင်ချက်အားလုံးနီးပါးမှာ သွက်လက်မြန်ဆန်တာ
(၂) အင်တာနက်အသုံးပြုတဲ့အခါ တခြားသော ၀င်းဒိုးအမျိုးအစားတွေထက် ပိုမိုသွက်လက်ပြီး Network ချိတ်ဆက်မှု တည်ငြိမ်အားကောင်းတာ
(၃) Hardware တော်တော်များများရဲ့ Driver တွေကို Built In အဖြစ်ထည့်သွင်းထားတာကြောင့် တပ်ဆင်ချိတ်ဆက်လိုက်တဲ့ Hardware အားလုံးနီးပါးလောက်ကို Driver Install လုပ်စရာမလိုပဲ သိနေတာ (တစ်ကယ်လို့ သူ့ထဲမှာ Built In မပါလာတဲ့ Driver မျိုးဖြစ်နေရင်လည်း Online ချိတ်ဆက်ထားမယ်ဆိုရင် ရှာဖွေဒေါင်းလုဒ်လုပ်ပေးနိုင်တာ (ဥပမာ - ISO ဖိုင်လေးတစ်ဖိုင်ကို Mount လုပ်ဖို့အတွက် Power ISO လို ဆော့ဝဲမျိုးကို Install လုပ်စရာမလိုပဲ ၀င်းဒိုးမှာပဲ Mount လုပ်ပေးနိုင်တဲ့ Built In တွေ ပါလာပါတယ် .. အဲ .. သက်ဆိုင်ရာ ပရိုဂရမ်ကို Install လုပ်ပြီးသွားရင်တော့ အဲဒီ ၀င်းဒိုးထဲက Mount လုပ်ပေးတဲ့ ပရိုဂရမ်ဟာ ပင်စင်ယူသွားပါတယ် )
(၄) Antivirus တောင် မလိုလောက်အောင် Firewall စနစ် လုံခြုံတာ
(၅) Microsoft အကောင့်လေးလုပ်ပြီး ကိုယ့်ကွန်ပြူတာကို Sync လုပ်ထားရုံနဲ့ တစ်ခြားစက်တွေကနေ ကိုယ့်အကောင့်ကိုဖွင့်ဝင် အသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့အသုံးပြုနေကျ ကွန်ပြူတာကို အသုံးပြုနေရသလိုပဲ Program တွေကအစ ထပ်တူထပ်မျှသုံးနိုင်တာ
ဆက်ပြောနေမယ်ဆိုရင် အများကြီးပေါ့ .. ငါးစိမ်းမြင်လို့ ငါးကင်ပစ်တယ်ဆိုပြီး အပြောခံထိမှာလည်း စိုးရသေးတယ်လေ ..
ကဲ .. ထားပါတော့ .. Windows 8 ရဲ့ အားနည်းချက်လေးတွေကိုလည်း ပြောပါဦးမယ် ..
Windows 8 ရဲ့ အားနည်းချက်တွေထဲက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့ အဓိက သက်ဆိုင်တဲ့ အားနည်းချက်တွေကိုပဲ ပြောပါ့မယ် ..
(၁) Windows 8 ဟာ Microsoft ရဲ့ Future plan ဖြစ်တဲ့ Entire Cloud Program ဆိုတဲ့ ပရိုဂရမ် ( ဆော့ဝဲ ) မှန်သမျှကို Online ကပဲ ၀ယ်ပြီ Online ကနေပဲ Customer ရဲ့ စက်ထဲကို Install လှမ်းလုပ်ပေးတဲ့ Cracker တွေရဲ့ ရန်ကို ရှောင်ရှားမယ်နည်းစနစ်ကို စတင်စမ်းသပ်ထားတဲ့ ပထမဆုံး ခြေလှမ်းဖြစ်တတ်ကြောင့် ၀င်းဒိုးကို ဈေးကွက်ထဲသာ ဖြန့်ချိလိုက်တာ သူ့ရဲ့ Installer Coding တွေမှာ ကုဒ်လိုင်းတစ်ချို့ကို ချန်လှပ်ထားခဲ့ပါတယ် .. Online ကနေ License ကို ၀ယ်ယူသုံးစွဲပြီဆိုတော့မှ လိုအပ်တဲ့ Coding ကို ၀ယ်ယူသူရဲ့ စက်ထဲကို Online ကနေပဲ Install လှမ်းလုပ်ပေးလိုက်တာပါ .. ( ဒါကိုတော့ Programmer တွေပဲ နားလည်မယ့်ကိစ္စဖြစ်တာမို့ အကျယ်မရေးတော့ပါဘူး)
ဒီစနစ်ရဲ့ အားသာချက် အားနည်းချက်တွေကို ပြင်ဆင်ဖြည့်စွက်ပြီး Microsoft နဲ့တကွ ဆော့ဝဲကုမ္မဏီတွေ တော်တော်များများဟာ Online မှာဝယ် Online ကပဲ Install လုပ်ပေးတဲ့ Entire Cloud Program စနစ်ကို အသုံးပြုတော့မှာဖြစ်လို့ ဆော့ဝဲအားလုံးနီးပါးကို Crack ပေးမှ Full အဖြစ် သုံးနိုင်တဲ့ ( Cracked မဟုတ်ရင် Trail လောက်သာသုံးနေရတဲ့ ) ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့တော့ Trail ဆော့ဝဲလေးကိုတောင် ကိုင်နိုင်တော့မှာမဟုတ်တဲ့အတွက် Update ဆော့ဝဲတွေကို သတင်းတွေမှာသာ မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ် .. (ဒါပေမယ့် ... မြန်မာတွေက သိပ်ဥာဏ်ကောင်းတယ် .. ဒါလေးတစ်ချက်တော့ မျှော်လင့်ချက်ရှိသေးတယ် .. :D  )
(၂) အဲဒီလို Installer Coding တစ်ချို့ချန်လှပ်ထားခဲ့တာကြောင့် Cracked တွေ Loader တွေ Activator တွေနဲ့ Full ဟန်ဆောင်နေရတဲ့ ကျွန်တော်တို့အတွက်တော့ Windows 8 ဟာ Activated သာ ဖြစ်သွားတယ် .. တစ်ချို့သောပရိုဂရမ်တွေကို Install လုပ်တဲ့အခါမှာ Error တွေ တက်တက်လာတတ်ပါတယ် ..
ကဲ .. ဒီပို့စ်ရဲ့ အဓိကဦးတည်ချက်က Windows 8 နဲ့ပတ်သက်တဲ့ Error တွေကို ဖြေရှင်းနည်းဖြစ်တဲ့အတွက် နောက်ထပ် အားနည်းချက်တွေကို ဆက်မပြောတော့ပါဘူး ..
Windows 8 ကို အဆင်ပြေပြေနဲ့သုံးချင်တယ်ဆိုရင် အောက်မှာပြောထားနည်းလေးတွေအတိုင်း စနစ်တကျဆောင်ရွက်ပြီး အသုံးပြုကြည့်ပါလို့ အကြံပေးချင်ပါတယ် ..

(1) Edition Selecting

Windows 8 ကို Install လုပ်တော့မယ်ဆိုရင် ဘယ် Edition ကို အသုံးပြုသင့်သလဲဆိုတာကို ရွေးချယ်ရပါမယ် ..
ကျွန်တော်အကြံပြုချင်တာကတော့ Windows 8 pro ကိုအသုံးပြုစေချင်ပါတယ် .. ( ဘာကြောင့်ဆိုတာကို တစ်နေရာမှာ ထည့်ရှင်းသွားပါ့မယ် )

(2) Updating Windows

Windows 8 ကို Install လုပ်ပြီးပြီဆိုရင် တခြားဘာဆော့ဝဲမှ Install မလုပ်ခင် Windows update ကို အရင်ဆုံးလုပ်သင့်ပါတယ် ..
ဘယ်လိုလုပ်မလဲဆိုတော့ Windows ကို Install လုပ်ပြီးပြီဆိုရင် Control Panel ထဲကနေ System ကိုနှိပ်
ပွင့်လာတဲ့ထဲက ဘယ်ဖက်အခြမ်းထဲမှာ ရှိတဲ့ Windows Update ဆိုတာကိုနှိပ် ..
အဲဒီကနေမှ အဆင့်ဆင့် Update file တွေကို Download လုပ်ပြီး Install လုပ်ပါ .. ( Update ဖိုင်တွေကို ဒေါင်းတာချည်းပဲ 103 MB လောက် ရှိတာကို တွေ့ရပါမယ် .. အခြေအနေအရ 200MB နဲ့ အထက်တွေလည်း ကြုံရမှာဖြစ်ပါတယ် .. တစ်ခေါက်ဆို ကျွန်တော် စုစုပေါင်း 500MB ကျော်သွားတယ် . .တစ်ခါ Check update လုပ်လိုက် ဒေါင်းစရာပေါ်လာလိုက်နဲ့လေ)



ဒီအဆင့်ပြီးရင်ပဲ ၀င်းဒိုးဟာ တော်တော်လေး အဆင်ပြေလာပါမယ် ..
ဒီလို Windows Update လုပ်တာဟာ ဒီတစ်ကြိမ်နောက်ဆုံးလုပ်ခြင်းလို့ နားလည်ထားပါ ..
နောက်ပိုင်း ၀င်းဒိုးကို Loader တို့ Activator တို့ နဲ့ Crack ပြီးပြီဆိုမှ ဒီအဆင့်ကို ထပ်လုပ်မယ်ဆိုရင် ၀င်းဒိုးဟာ Trail ပြန်ဖြစ်သွားပါမယ်
ဒါပေမယ့် Update လုပ်လိုက် Activator နဲ့ ပြန် Crack လိုက်လုပ်ပြီး သုံးမယ်ဆိုရင်လည်း ရပါတယ် ..

(3) Fake Installing .Net Framework Program

ဒါက အဓိကပြဿနာပါ .. .Net Framework ဆိုတာ ၀င်းဒိုးအတွက် အရေးမကြီးပေမယ့် အဲဒီဝင်းဒိုးပေါ်မှာ ထည့်သွင်းအသုံးပြုမယ် ဆော့ဝဲတွေအတွက် တော်တော် အရေးပါပါတယ် ..
Microsoft က အဓိကချန်လှပ်ထားခဲ့တဲ့ Installer Coding ထဲမှာ .Net Framework အတွက် အဓိက ဦးတည်ထားပါတယ် ..
ဆော့ဝဲထဲမှာတော့ ပါတယ် .. ဒါပေမယ့် ၀င်းဒိုးကို တင်တဲ့အခါ Net Framework ကိုပါ Install လုပ်ဖို့ coding ထည့်မထားတဲ့အတွက် နောက်ပိုင်း ဆော့ဝဲတွေ သုံးဖို့ Install လုပ်တဲ့အခါမှာ
ဝင်းဒိုးက .net framework 3. ဘာညာတို့ လိုနေပါတယ် .. ဆိုပြီး Error တွေတက်လာပါတယ် ..
Online ကနေ Search လုပ်ပြီး Install လုပ်ကြည့်ပြန်တော့တော့ တစ်ဝက်ကျော်ကျော်လောက်မှာ ရှေ့မဆက်တော့ပဲ ရပ်နေပါတော့တယ် .. မယုံရင် ဆက်စောင့်နေကြည့် ဘယ်တော့မှ ပြီးဆုံးသည်အထိ ဒေါင်းယူလို့ မရတာကို တွေ့ရလိမ့်မယ် ..
အဲဒီတော့ .. တခြားတစ်နေရာကနေ ရှာဖွေပြီး ဒေါင်းယူ ... Install လုပ်ပြီးမှ သုံးရပါတော့တယ် .. ဒါပေမယ့် .. Windows 8 ရဲ့ Platform ပေါ်မှာ အဲဒီ Online မှာရှိတဲ့ net framework ပရိုဂရမ်တော်တော် များများဟာ လိုလျောညီထွေ မဖြစ်တာက များပါတယ် ..
အဲဒီတော့ .. Error တွေ တက်လာမြဲ တက်လာမြဲပဲ ဖြစ်နေတာ တွေ့ရပါတယ် ..
အဲဒီလိုမဖြစ်ဖို့ Windows 8 နဲ့ အဆင်အပြေဆုံး net framework ကို Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
အဲဒါကလည်း ဘယ်မှာမှ ရှာစရာမလိုပါဘူး .. Windows 8 ရဲ့ ဆော့ဝဲခွေထဲပါပဲ အဆင်သင့်ပါပြီးသားပါ ..
သူ့ကို Install လုပ်ဖို့ အမိန့်ပေးမထားလို့သာ ဒီအတိုင်းကျန်နေခဲ့တာပါ ..
ကဲ .. အဲဒီပရိုဂရမ်က ၀င်းဒိုးခွေရဲ့ ဘယ်နားမှာရှိတာလဲ ..
ဟုတ်ကဲ့ .. ၀င်းဒိုးခွေကို စက်ထဲထည့်ပြီး ဖွင့်ကြည့်လိုက်ပါ .. ၀င်းဒိုးဆိုင်ရာဖိုလ်ဒါတွေထဲမှာ Sources ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ကြည့်လိုက်ရင် အထဲမှာ sxs ဆိုတဲ့ ဖိုလ်ဒါလေးတစ်ခုကို တွေ့မယ်ဆိုရင် အဲဒါ ကျွန်တော်တို့လိုချင်တဲ့ ပရိုဂရမ်အစစ်ပဲဖြစ်ပါတယ်





ဒါပေမယ့် Windows 8 pro မဟုတ်တဲ့ Edition တော်တော်များများမှာ အဲဒီဖိုလ်ဒါ မပါတာတွေ့ရပါတယ် .. ဒါကြောင့် Windows 8 pro ဆိုတဲ့ Edition ကို အသုံးပြုခိုင်းတာပါ ..
တစ်ကယ်လို့ ၀င်းဒိုးခွေလည်း ၀ယ်ဖို့အခက်အခဲရှိမယ် .. ဒါမှမဟုတ် ၀ယ်ထားပြီးသား ခွေထဲမှာလည်း

အဲဒီ sxs ဖိုလ်ဒါက ပါမလာလို့ ရချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူချင်ယူနိုင်ပါတယ် ..

ကဲ .. အဲဒီ sxs ဆိုတဲ့ဖိုလ်ဒါကို ကိုယ်ပိုင်ကုဒ်နဲ့ Install လုပ်ပေးဖို့ ပထမဆုံး အဲဒီ sxs ဖိုလ်ဒါကို partition C ထဲကို ကူးယူလိုက်ပါ ..
ပြီးရင် ဒီကုဒ်တွေကို ကော်ပီကူးယူပါ .. (ရိုထည့်ရင် Space Bar ခြားတဲ့နေရာတွေဘာတွေ မှားမှာစိုးလို့ ကော်ပီကူးယူခိုင်းတာပါ .. coding ပိုင်းနားလည်တယ်ဆိုရင်တော့ ကိုယ့်ဖာသာ ရိုက်ထည့်နိုင်ပါတယ် .. )

 dism /online /enable-feature /featurename:NetFx3 /All /Source:C:\sxs /LimitAccess

အဲဒီလို ကူးယူပြီးပြီဆိုရင် မောက်စ်ကို Desktop Screen ရဲ့ ဘယ်ဖက်အောက်ဒေါင့်နားလေးကို သွားထားလိုက်ရင် Start ဆိုတာလေး ပေါ်လာတဲ့နေရာမှာ Right click နှိပ်ပေးလိုက်ပါ ..
ပွင့်လာတဲ့ထဲက Command Prompt ( Admin ) ဆိုတာကို နှိပ်ပေးလိုက်ပါ .. (ဒါလေး အရေးကြီးပါတယ်)



နောက်ထပ်ပွင့်လာတဲ့ Administrator Prompt ကို Yes နှိပ်ပေးလိုက်ရင် Command Prompt ပွင့်လာပါမယ်
အဲဒီ Command Prompt ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Paste ကို နှိပ်ပေးလိုက်ရင် အပေါ်မှာ ကျွန်တော်တို့ ကော်ပီယူခဲ့တဲ့ ကုဒ်တွေ CMD ထဲမှာ Paste အဖြစ် ရေးပြီးသား ဖြစ်သွားပါမယ်


အဲဒီကုဒ်တွေ CMD ထဲ ရောက်လာပြီဆိုရင်တော့ Enter ကီးလေးကို နှိပ်ပေးလိုက်ပါ ..
အချိန်တော်တော်ကြာစောင့်ပေးလိုက်ရင် 100% ပြည့်တဲ့အခါ Install လုပ်တာ အောင်မြင်တဲ့အကြောင်း စာတမ်းတွေ တက်လာပါလိမ့်မယ် ..


အဲဒီလို တက်လာပြီဆိုရင်တော့ Windows 8 ဘယ်လို net framework မျိုးကိုမှ Install လုပ်စရာ မလိုတော့ပါဘူး
ဒီနည်းလေးကို လုပ်ပြီးပြီဆိုရင်တော့ Windows 8 ကို  Activator တစ်ခုခုနဲ့ activate လုပ်လိုက်ပါတော့ .. ( activate လုပ်ပြီးမှ ဒီနည်းကို လုပ်ရင်လည်း ရပါတယ် .. )
ဒါလေးလုပ်ပြီးသွားရင် အရင်က တက်ခဲ့ဖူးတဲ့ Error တော်တော်များများကို ကျော်လွှားသွားနိုင်တာကို တွေ့ရပါလိမ့်မယ် ..

ကဲ .. တခြား error တွေကိုဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ အလွယ်တကူ ပြောပြလိုက်ရုံနဲ့ အဆင်ပြေနိုင်တာကြောင့် ဒီနည်းလမ်းလေးကိုပဲ မျှဝေပေးပါရစေ ..
Windows 8 နဲ့ပါတ်သက်ပြီး တခြား error တွေ ကြုံလာရင်လည်း ဒီပို့စ်ရဲ့အောက်မှာ comment ရေးပြီး မေးနိုင်ပါတယ် .. ( သိတာဆိုရင် ဖြေပေးပါ့မယ် )
Facebook comment မှာ ရေးမယ်ဆိုရင်လည်း ဘယ်ပို့စ်အတွက် ဘယ်ဆော့ဝဲအတွက် အဲဒီလို ညွှန်းပြီးရေးစေချင်ပါတယ် .. ဘာကြောင့်လဲဆိုတော့ Facebook comment က ဒီဘလော့ထဲက Post တွေ အားလုံးရဲ့အောက်မှာရောက်နေမှာမို့ ဘယ်ပို့စ်ကို ပြောချင်တာလဲဆိုတာကို မသိနိုင်ပါဘူး ..

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......