ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Windows 8 နဲ့ မြန်မာစာပြဿနာ

Windows 8 သုံးနေတဲ့ သူငယ်ချင်းတွေအတွက် ၀င်းဒိုးမှာ Built In
အဖြစ်ပါလာတဲ့ မြန်မာဖောင့်ဟာ လုံးဝအဆင်မပြေလို့ အဲဒီ မြန်မာဖောင့်နေရာမှာ ကျွန်တော်တို့ရဲ့ ဇော်ဂျီဖောင့်ကို အစားထိုးပြီး အသုံးပြုနိုင် Registry ကို
ဝင်ပြီး ပြင်ရမယ့် နည်းပညာပါ ..၀င်းဒိုးတစ်ခုမှာ Registry ဆိုတာဟာ

ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ပြောနေစရာတောင် လိုမယ်မထင်ပါဘူး ..
ဒါကြောင့် Registry ကို ပြင်ရမယ့်အလုပ်ဆိုတာဟာ ကျားမြီးကို ဆွဲတာထက်ပိုပြီး
အန္တရယ်ရှိပါတယ် ..
ဒါကြောင့် ဒီပို့စ်ကို အတတ်နိုင်ဆုံး အသေးစိပ်ရေးထားပြီး အဆင့်တိုင်းအတွက်
ပုံတွေနဲ့ ပြထားပါတယ် ..
တစ်ခုတောင်းဆိုချင်တာကတော့ ဒီပို့စ်ကို သေချာဖတ်ပြီးမှ စနစ်တကျလုပ်ပါလို့ ..
မတော်တဆမှားသွားရင်လည်း Windows font အတွက်သာ Error တက်တာမို့
သိပ်ပြီး ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူး ဆိုပေမယ့် .. ကျွန်တော့်ပို့စ်ကိုဖတ်ပြီး
လုပ်ကြည့်ရာကနေ စိတ်ညစ်စရာတွေ ဖြစ်ကုန်တယ်ဆိုတာမျိုးကို မလိုလားလို့ပါ

ကဲ .. စကြစို့ ....လောလောဆည် စက်ထဲမှာ ဇော်ဂျီဖောင့်မရှိသေးဘူးဆိုရင်တော့


32Bit သမားတွေက ဒီမှာ ဒေါင်းပါ


64Bit သမားတွေက ဒီမှာ  ဒေါင်းပါ


ဖောင့်သွင်းပုံသွင်းနည်းကတော့ ဒီပို့ရဲ့ဦးတည်ချင်မဟုတ်လို့ မရေးပြတော့ပါဘူး .. တစ်ကယ်လို့ အဆင်မပြေရင်တော် ဒီပို့စ်အောက်မှာ Comment ရေးပေးခဲ့ပါ
ကျွန်တော် အသေးစိပ်ပြန်ရေးပေးပါ့မယ်
များသောအားဖြင့် 64Bit သမားတွေက မြန်မာဖောင့်မှာ ပြဿနာတက်လေ့ရှိတယ်
အားလုံးသိကြတဲ့အတိုင်းပဲ .. Windows 8 ဟာ မြန်မာစာကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့
ဝင်းဒိုးတစ်ခုဖြစ်သလို .. လောလောဆည်အနေအထားမှာတော့ ကမ္ဘာနဲ့ချီကြည့်ရင်
သိပ်ကို အခြေသတင်းကြီးနေတဲ့ ၀င်းဒိုးလည်း ဖြစ်ပါတယ် ...

ဒါပေမယ့် ကျွန်တော်တို့အတွက် ခက်နေတာက သူ့ထဲမှာပါလာတဲ့ Myanmar Text ဆိုတဲ့
မြန်မာဖောင့်က ကျွန်တော့်တို့အတွက် အလုပ်မဖြစ်ဘူး ဖြစ်နေတာပါပဲ
အဲဒါကြောင့်ပဲ .. ၀င်းဒိုးပေါ်မှာပဲ အလုံးစုံမှီခိုပြီးမှ အလုပ်လုပ်နေရတဲ့ Windows Message တို့
Mail တို့ Windows မှာ ပါတဲ့ App ထဲက People တို့မှာ မြန်မာဖောင့်ဟာ အမှန်အကန်
ဖတ်ရှုရေးသားလို့ မရတဲ့ ပြဿနာတွေ ကြုံနေရတာပါ ..
တစ်ကယ်တမ်းသား အဲဒီပြဿနာလေးကို ဖြေရှင်းနိုင်မယ်ဆိုရင်
ဝင်းဒိုးမှာပါတဲ့ People ဆိုတဲ့ ကဏ္ဍထဲမှာ Facebook အကောင့်ကို Add လုပ်လိုက်ရုံနဲ့
သိပ်ကို သုံးလို့ကောင်းတဲ့ အားရကျေနပ်စရာကောင်းတဲ့ Facebook စာမျက်နှာတွေကို
မြင်တွေအသုံးပြုလာနိုင်မှာဖြစ်ပါတယ် ...
အခု ဒီနည်းလေးကို အောင်မြင်သွားရင် Microsoft အကောင့် ( မရှိသေးရင် ) ဖောက်ပြီး
Windows ထဲက People ကိုဖွင့် Add account မှာ ကိုယ့်ရဲ့ Facebook အကောင့်ကို
ထည့်ပြီး သုံးကြည့်ပါ ..
သုံးနေကျပုံစံမဟုတ်လို့ နည်းနည်းလေး ကြောင်တောင်တောင် ဖြစ်နေတာကလွဲပြီး
အံ့သြစရာကောင်းလောက်အောင် ပေါ့ပါးတဲ့အပြင် တခြားကျေနပ်စရာတွေ
( ဥပမာ - လှုပ်ရှားနေတဲ့ Gif ဖိုင်လို Animated ပုံတွေကိုတောင်
Facebook မှာ ကြည့်နိုင်တာမျိုး) ကို တွေ့ရမှာပါ ..

ကဲ .. စလိုက်ကြစို့ ..ပုံတွေသေးနေ ၀ါးနေရင် ပုံပေါ်ကို မောက်စ်လေး တင်လိုက်ပေးပါ

Run Box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး Enter (ဒါမှမဟုတ်) Ok နှိပ်ပေးလိုက်ပါ ..
နောက်ထပ်တက်လာတဲ့ Administrator Prompt ကိုလည်း Ok ပဲ နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း Registry Editor ပွင့်လာပါမယ် ..


အဲဒီထဲက HKEY_LOCAL_MACHINE ဆိုတာရဲ့ရှေ့က မြှားလေးကိုနှိပ်လိုက်ပါ .. အောက်ကပုံအတိုင်း
အောက်ကို ကျလာပါလိမ့်မယ် ..


အဲဒီထဲက SOFTWARE ဆိုတာရဲ့ရှေ့က မြှားလေးကိုနှိပ်လိုက်ပါ .. အောက်ကပုံအတိုင်း
ကျလာမယ်


အဲဒီထဲက Microsoft ရဲ့ရှေ့ကမြှားလေးကို နှိပ်လိုက်ပါ .. အောက်ကပုံကျလာမယ်


ကျလာတဲ့ဟာကို အောက်အထိ ဆင်းပြီးရှာလိုက်ပါ .. Windows NT ကိုတွေ့ရင်
သူ့ရှေ့ကမြှားလေးကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း ကျလာမယ်


အဲဒီကျလာတဲ့ CurrentVersion ရှေ့ကမြှာလေးကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း
ကျလာမယ်


အဲဒီထဲက Fonts ဆိုတဲ့ပေါ်မှာ ကလစ်နှိပ်လိုက်ရင် ညာဖက်အခြမ်းထဲမှာ font keys and values တွေ
ပွင့်လာမယ် .. အဲဒီထဲက Myanmar Text ဆိုတာရဲ့ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Modify ကိုနှိပ်လိုက်ပါ အောက်ကပုံအတိုင်းပွင့်လာမယ်


အဲဒီ Box ထဲက font name ဆိုတဲ့အကွက်ထဲမှာရှိနေတဲ့ mmrtext.tff ဆိုတာကို ၀င်းဒိုးကရှာမတွေ့နိုင်တဲ့
font မျိုးဖြစ်အောင် တစ်ခုခုဖြည့်ပေးရမယ် .. ကျွန်တော်ကတော့ --mmrtext.tff ( ရှေ့မှာ ဟိုက်ဖဲန်ဆိုတဲ့
မျဉ်းတိုလေးနှစ်ခုခံပေးလိုက်တယ် ) ပြီးတော့ Ok နှိပ်ပေးလိုက် ဒါက ၀င်းဒိုးကို မြန်မာစာနဲ့ပတ်သက်ပြီး
အသုံးပြုခိုင်းထားတဲ့ Default font ကို ၀င်းဒိုးက မသိနိုင်တော့အောင် လုပ်ပစ်လိုက်တဲ့သဘောပါ

အဲဒါပြီးရင် ဘယ်ဖက်အခြမ်းထဲမှာရှိတဲ့ Fonts ဆိုတဲ့ဖိုလ်ဒါအောက်က FontSubstitutes ပေါ်မှာ
ကလစ်နှိပ်လိုက်ရင် ညာဖက်ခြမ်းထဲမှာ စောနကလိုပဲ ပေါ်လာမယ် ..





အဲဒီထဲက လွတ်နေတဲ့ ညာဖက်တစ်နေရာမှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက String Value ကို
နှိပ်ပေးလိုက်ရင် အောက်ဆုံးမှာ အပြာရောင်လေးနဲ့ Value တစ်ခုပေါ်လာမယ် ..


အဲဒီ အပြာရောင် Select ၀င်နေတဲ့ နေရာကို Myanmar Text လို့ နံမည်ပေးလိုက် (နောက်မှ ပေးလည်းရတယ်)
ပြီးရင် အဲဒီ ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Modify ကိုနှိပ်ပေးလိုက်ပါ
Box တစ်ခုပွင့်လာမယ် ..



 အဲဒီထဲက value name မှာပဲလာပြီး Myanmar Text လို့ နံမည်ပေးရင်လည်းရတယ်
Value data အကွက်မှာတော့ Zawgyi-One လို့ ထည့်ပေးရမယ်



ပြီးရင်တော့ Ok နှိပ်ပေးလိုက်ပါ ..
အားလုံးပြီးသွားရင် ကွန်ပြူတာကို Restart ချလိုက်ပါ ..
ဝင်းဒိုးပြန်တက်လာတဲ့အခါမှာ ၀င်းဒိုးစနစ်ရဲ့ နေရာတော်တော်များများမှာ
မြန်မာစာကို ဇော်ဂျီစာလုံးတွေနဲ့ အဆင်ပြေပြေ တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ် ..
နေရာတိုင်းတော့မဟုတ်ဘူးပေါ့ ..
နေရာတိုင်းမှာ အဆင်ပြေအောင်လုပ်တဲ့နည်းကတော့ ဒီနည်းထက် ပိုပြီး အန္တရာယ်ရှိတဲ့အတွက်
ကျွန်တော် တင်သင့်မတင်သင့် စဉ်းစားပါဦးမယ် ..
အပေါ်မှာ ပြောခဲ့တဲ့နည်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ၀င်းဒိုးစနစ်ရဲ့ Registry ကို ပြင်ဆင်ခဲ့တာဖြစ်တဲ့အတွက် Ccleaner လို ၀င်းဒိုးကိုသန့်ရှင်းရေးလုပ်ပေးတဲ့ ဆော့ဝဲမျိုးတွေကို
Run တဲ့အခါ Registry ကိုတော့ ချန်ပြီး Clean လုပ်စေချင်ပါတယ် .. ဒါပေမယ့် .. မေ့ပြီးလုပ်မိသွားလို့
မြန်မာဖောင့်မှာ ပြဿနာပေါ်လာရင်လည်း အပေါ်က အဆင့်တွေအတိုင်း ပြန်လုပ်ပေးလိုက်ရင် ရပါတယ်
ကဲ .. Windows 8 မှာ မြန်မာစာပြဿနာ ကင်းကြပါစေဗျာ




အိုင်တီမုဆိုး ဆိုက်မှာ ကူးယူးဖော်ပြပါသည်

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......