ပထမဆုံးသိဖို့လိုတာက Shut down, Restart, Sleep
ပထမဆုံး စက်ဖွင့်တာတော့ သိကြပါတယ် ..။
ပါဝါခလုတ်ကို ဖိပြီးနှိပ်လိုက်ရင် စက်ပွင့်သွားပါပြီ.. စက်ပွင့်ပွင့်ချင်း
သုံးလို့မရသေးပါဘူး ..။ ခဏတော့ စောင့်ပေးရမှာပါ.. ဘာလို့လည်းဆိုတော့
ကွန်ပျူတာက သူ့ရဲ့ ဟတ်ဒစ်ထဲမှာရှိတဲ့ ဆော့ဝဲလ်တွေကို နေရာချနေလို့ပါ...။
အဲဒီလိုအချိန်မှာ မောက်စ်ရဲ့ဘေးမှာ အလုံးလေးက လည်နေပါလိမ့်မယ်..။
အဲဒီလည်နေတဲ့ အလုံးကလေး ပျောက်သွာပြီဆိုမှ ကိုယ်လုပ်ချင်တာကို
လုပ်ရမှာပါ..။ ကိုယ်သုံးချင်တာတွေသုံးပြီးလို့ စက်ပိတ်တော့မယ် ဆိုရင်တော့
Start ကိုအရင်သွားပါ ..။ တချက်တောက်လိုက်ရင် Box ကျလာပါလိမ့်မယ်..။
အဲဒီထဲမှာ Shut down ကိုနှိပ်လိုက်ပါ..။ ဒါဆိုရင် စက်က အပြီးပိတ်သွားပါပြီ..။ တကယ်လို့ စက်ကိုခဏအနားပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ကိုယ်က ကိစ္စပေါ်လာလို့ အပြင်သွားရမယ်၊ အိမ်သာသွားမယ်ဆိုရင် စက်ကို Sleep နဲ့ထာခဲ့လို့ရပါတယ်..။ Sleep ကတော့စက်ကို ခဏအိပ်ခိုင်းတဲ့ သဘောပါ..။ ခဏအနားပေးလိုက်တာပါ..။ စက်ထဲမှာကိုယ်လုပ်ထားတဲ့အလုပ်တွေ ၊ ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေ ဒီအတိုင်းရှိနေပါတယ်.. ပျက်မသွားပါဘူး..။ ကိုယ်အားတဲ့အချိန်မှ စက်ရဲ့ခလုတ်တခုခုကိုနှိပ်လိုက်ပါ..။ ဒါမှမဟုတ် ပါဝါခလုတ်ကို နှိပ်လိုက်ပါ..။ ကိုယ်ထားခဲ့တဲ့အတိုင်း အားလုံးရှိနေပါတယ်..။ ပျက်မသွားပါဘူး...။ နောက်တစ်ခုက Restart ပါ .. ။ သူကတော့ စက်ကို ပိတ်ပြီး သူ့အလိုလို ပြန်ပွင့်လာစေပါတယ်..။ ဘယ်အခါမျိုးတွေမှာ အသုံးများလဲဆိုတော့ ကွန်ပျူတာကို အမှိုက်တွေရှင်းတဲ့အခါမျိုးတွေ၊ ဖိုင်စီတဲ့အခါမျိုးတွေ (ဖိုင်စီနည်း နောက်မှပြောပြပါမည်)၊ တချို့ဆော့ဝဲလ်သွင်းတဲ့ အခါမျိုးတွေ (ဥပမာ ဇော်ဂျီမြန်မာဖောင့်၊ nero burning studio ဆိုတဲ့ဆော့ဝဲလ်မျိုးတွေ စက်ထဲသွင်းပြီးတဲ့အခါမျိုးတွေမှာ) Restart ကိုသုံးရပါတယ်...။
အဲဒီထဲမှာ Shut down ကိုနှိပ်လိုက်ပါ..။ ဒါဆိုရင် စက်က အပြီးပိတ်သွားပါပြီ..။ တကယ်လို့ စက်ကိုခဏအနားပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ကိုယ်က ကိစ္စပေါ်လာလို့ အပြင်သွားရမယ်၊ အိမ်သာသွားမယ်ဆိုရင် စက်ကို Sleep နဲ့ထာခဲ့လို့ရပါတယ်..။ Sleep ကတော့စက်ကို ခဏအိပ်ခိုင်းတဲ့ သဘောပါ..။ ခဏအနားပေးလိုက်တာပါ..။ စက်ထဲမှာကိုယ်လုပ်ထားတဲ့အလုပ်တွေ ၊ ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေ ဒီအတိုင်းရှိနေပါတယ်.. ပျက်မသွားပါဘူး..။ ကိုယ်အားတဲ့အချိန်မှ စက်ရဲ့ခလုတ်တခုခုကိုနှိပ်လိုက်ပါ..။ ဒါမှမဟုတ် ပါဝါခလုတ်ကို နှိပ်လိုက်ပါ..။ ကိုယ်ထားခဲ့တဲ့အတိုင်း အားလုံးရှိနေပါတယ်..။ ပျက်မသွားပါဘူး...။ နောက်တစ်ခုက Restart ပါ .. ။ သူကတော့ စက်ကို ပိတ်ပြီး သူ့အလိုလို ပြန်ပွင့်လာစေပါတယ်..။ ဘယ်အခါမျိုးတွေမှာ အသုံးများလဲဆိုတော့ ကွန်ပျူတာကို အမှိုက်တွေရှင်းတဲ့အခါမျိုးတွေ၊ ဖိုင်စီတဲ့အခါမျိုးတွေ (ဖိုင်စီနည်း နောက်မှပြောပြပါမည်)၊ တချို့ဆော့ဝဲလ်သွင်းတဲ့ အခါမျိုးတွေ (ဥပမာ ဇော်ဂျီမြန်မာဖောင့်၊ nero burning studio ဆိုတဲ့ဆော့ဝဲလ်မျိုးတွေ စက်ထဲသွင်းပြီးတဲ့အခါမျိုးတွေမှာ) Restart ကိုသုံးရပါတယ်...။
Windows7 ခေတ်ဖြစ်နေတဲ့အတွက် Windows7 မှာအသုံးပြုနိုင်တာတွေကိုပဲ
ဦးစားပေးတင်ပေး သွားမှာပါ.. Windows XP နဲ့ Windows Vista တွေမှာလည်း
အသုံးပြုနိုင်ပါတယ်.. အနည်းငယ်ပဲကွာတာပါ..။
Mouse အသုံးပြုပုံ
ကွန်ပျူတာကို
ကိုင်ပြီဆိုကတည်းက မောက်စ်ကို တချိန်လုံး ကိုင်နေရပါတယ်.. ဒါကြောင့်
မောက်စ်ကိုဘယ်လိုသုံးလဲ.. နောက်ပြီး မောက်စ်ရဲ့ အခေါ်အဝေါ်လေးတွေလည်း သိဖို့
လိုအပ်လာပါတယ်.. ကျနော်တို့ မောက်စ်ကို ညာဘက်လက်နဲ့ ကိုင်တဲ့လူတစ်ယောက်ဟာ
(ဘယ်နဲ့ကိုင်တဲ့ ဘယ်ကျော်တွေ ရှိလို့ပါ) မောက်စ်ရဲ့ ခလုတ်နှစ်ခုပေါ်မှာ
လက်ညိုးတချောင်းနဲ့ လက်ခလယ်တချောင်း တင်ပြီးတော့ နှိပ်ကျပါတယ်..။
လက်ညိုးခလုတ်ကိုတော့ Left Click လို့ခေါ်ပြီး ၊ လက်ခလယ် ခလုတ်ကိုတော့ Right
Click လို့ခေါ်ပါတယ်..။
လက်ညိုးတင်ထားတဲ့ခလုတ်ကို
တခါနှိပ်ဖို့ပဲ လိုတယ်ဆိုရင်တော့ တချက်ကလစ်ပေးပါလို့ သုံးကျပါတယ်....။
နှစ်ခါနှိပ်ရမယ် ဆိုရင်တော့ Double Click နှိပ်ပေးပါလို့ သုံးကျပါတယ်..။
ကွန်ပျူတာမှာ Right Click ရဲ့ အခန်းကလည်း အရေးပါပါတယ်..။ ကွန်ပျူတာထဲက
ဖိုင်တွေ၊ သီချင်းတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ တခြားဆော့ဝဲလ်တွေကို
တစ်နေရာကနေ တခြားတစ်နေရာကို (ဥပမာ- Pendrive လို မန်မိုရီ ကတ်တွေထဲ
ထည့်ချင်တဲ့အခါ) ကော်ပီကူးချင်တဲ့အခါ Right Click ကနေ copy paste နဲ့
ကော်ပီကူးရပါတယ်..။ အင်တာနက်က စာတွေ ဓါတ်ပုံတွေ ကော်ပီကူးတဲ့အခါ မောက်စ်ရဲ့
Right Click နဲ့ အလုပ်လုပ်ရတာပါ.. ဒါကြောင့် ကိုယ်သုံးနေတဲ့ မောက်စ်ကို
အရင်စမ်းကြည့်လိုက်ပါ .. ခလုတ်တွေများ လွတ်နေလား.. ပျက်နေလားလို့ပေါ့..
မောက်စ်ကောင်းဖို့လိုပါတယ်.. စမ်းကြည့်လိုက်ပါဗျာ..
copy-paste , cut-paste နှင့် notepad အသုံးပြုပုံ
အရင်ဆုံး notepad ထုတ်တာလေး
ပြပါ့မယ်..။ ဘာလို့လဲဆိုတော့ အင်တာနက်က စာသားတွေကို ကော်ပီကူးချင်ရင်ပဲ
ဖြစ်ဖြစ် ... ဒါမှမဟုတ် မှတ်စုတို့ ဘာတို့ ရေးဖို့ပဲဖြစ်ဖြစ် notepad
ကအသုံးဝင်ပါတယ်..။ notepad ကသီးသန့်ဆော့ဝဲလ် မဟုတ်ပါဘူ.. ဝင်းဒိုးထဲမှာ
ပါပါတယ်.. သုံးရတာလဲ လွယ်လို့.. ဒီတခါတော့ ဒါလေးသုံးပုံ သုံးနည်းလေးကိုအရင်
တင်ပေးလိုက်ပါတယ်.. ပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ..

မြန်မာစာပေါ်အောင် အပေါ်က ပုံအတိုင်းပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ ..
အောက်ကပုံမှာ notepad ၂ခုယှဉ်ဖွင့်ပြီး ပြထားပါတယ်.. ဘယ်ဘက်က
ရေထားတဲ့စာတွေကို ညဘက် ထဲကိုပြောင်းထည့် တော့မှာပါ.
အောက်မှာဆက်ကြည့်လိုက်ပါဗျာ..
ဒီနည်းလေးကတော့ သိတဲ့သူများအတွက် အရမ်းကိုလွယ်ပေမယ့်
မသိသေးတဲ့သူများအတွက်ကတော့ ဘယ်ကနေစလုပ်လို့ လုပ်ရမှန်း မသိပါဘူ..
ကျနော်ကိုယ်တိုင်လည်း ကြုံခဲ့ရတာပါ.. သိသွားတော့ လွယ်လွယ်လေးပေါ့..
ကဲပြောနေကြာတယ်.. အောက်မှာဆက်ကြည့်လိုက်ပါဗျာ..
(Copy
- Paste) (Cut - Paste) က အသုံးပြုပုံချင်းတူပါတယ်..။ နဲနဲလေးပဲ ကွာတယ်..။
အလွယ်ပြောရင် (Copy - Paste) က ဒီဘက် file ထဲက ဆော့ဝဲလ်တွေ၊ စာသားတွေ ကို
ဟိုဘက် file ထဲကို ကော်ပီကူးပြီး နောက်တစ်ခု ပွားလိုက်တာပါ..။
ဖိုင်အဟောင်းထဲမှာလည်း ကျန်ခဲ့ပါတယ်..။ ဖိုင်အသစ်ထဲလည်း ရောက်သွားပါတယ်..။
(cut - paste) ကတော့ ဖိုင်အဟောင်းထဲမှာမကျန်ခဲ့ပါဘူး..။ ဖိုင်အသစ်ထဲ ကို
အကုန်ရောက်သွားပါတယ်..။ စာသားတွေကိုကော်ပီကူးမယ်ဆိုရင်တော့... အရင်ဆုံး
စာကြောင်းတွေကို စလက်ပေးဖို့လိုပါတယ်..။ စလက်ပေးတယ်ဆိုတာ
ပြောင်းဖို့၊ရွှေ့ဖို့၊ ဖျက်ပစ်ဖို့ အတွက် အရင်ဆုံး
ကွန်မန်းပေးလိုက်တဲ့သဘောပါ...။ စာကြောင်းတွေကို ဘယ်လိုစလက်ပေးရမလဲဆိုတော့
အရင်ဆုံး စာကြောင်းတစ်ကြောင်းကို မောက်စ်ရဲ့ လက်ညိုးခလုတ်နဲ့ ဖိနှိပ်ပြီး
ဆွဲသွားလိုက်ပါ..။ စာကြောင်းလေးတွေကို အပြာရောင်အတန်းလေးက
ဖုံးသွားပါလိမ့်မယ်..။ အပြာရောင်အောက်မှာ စာတွေလည်းမြင်နေရပါတယ်..။ အဲဒီလို
အပြာရောင်လေး အနည်းငယ် စာတွေပေါ်ဖုံးသွားပြီဆိုရင် (Ctrl+A) ကီးနှစ်လုံးကို
တွဲပြီးနှိပ်ချလိုက်ပါ (Ctrl+A ဆိုတာ All Selct ပါ)..။ တကယ်လို့ ကိုယ်က
စာကြောင်း ၂ကြောင်း၊ ၃ကြောင်းလောက်ပဲ လိုချင်တယ်ဆိုရင်တော့ ..
ကိုယ်လိုချင်သလောက် စာကြောင်းလေးကိုပဲ မောက်စ်ရဲ့ လက်ညိုးခလုတ်နဲ့
ဖိဆွဲသွားလိုက်ပါ...။ ကိုယ်လိုချင်သလောက်ရပြီဆိုရင် ရပ်လိုက်ပါ..။
အဲလိုနှိပ်လိုက်ရင်တော့ စာသားတွေအားလုံးက အပြာရောင်အောက်ကို
ရောက်သွားပါပြီ...။ မောက်စ်မျှားလေးကို အဲဒီအပြာရောင်ဖုံးနေတဲ့
စာသားပေါ်မှာတင်ပြီ Right Click (မောက်စ်ရဲ့ လက်ခလယ်ခလုတ်) ကို
တချက်နှိပ်ပါ...။ ပေါ်လာတဲ့ ဘေက်စ်ထဲက Copy ဆိုတဲ့ စာကြောင်းကို
တချက်နှိပ်လိုက်ရင်... စောစောန စလက်ပေးထားလို့ အပြာရောင်ဖုံးနေတဲ့
စာသားတွေကို ပြောင်းဖို့၊ ရွှေ့ဖို့ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်..။
ပြီးရင်တော့ Notepad ကိုဖွင့်ရမှာပါ..။ စာသားတွေ သိမ်းချင်ရင်တော့ Notepad
နဲ့မှ ရပါမယ်..။ Notepad ကို ဖွင့်ပြီရင် အဲဒီဖွင့်ပြီးသား Notepad ပေါ်မှာ
မောက်စ်မျှားလေးကိုတင်ပြီး Right Click ထောက်(နှိပ်)လိုက်ပါ ..
ပေါ်လာတဲ့ဘောက်စ်ထဲမှာ Paste ဆိုတဲ့စာလုံးကိုနှိပ်လိုက်ရင်... ဟိုဘက်ထဲက
စာတွေ ဒီဘက်ထဲကိုရောက်လာပါပြီ..။ ဒါပေမယ့်  ဖတ်လို့မရသေးပါဘူး...
လေးထောင့်ကွက်လေးတွေ မဟုတ်ရင် ကွက်ရှင်မတ်လေးတွေပဲ တွေ့ရမှာပါ..။
တစ်နေရာကျန်နေသေးလို့ပါ ကျနော်တို့ Font ပြောင်းပေးရပါမယ်..။
(အပေါ်ပုံ(၂)ကိုကြည့်ပါ) ...။
ကီဘုတ်မှ
ရှော့ကပ်ကီး Ctrl+A ဖြင့် All Select ပေးလိုက်တာပါ.. ဒီနေရာမှာ
တခုပြောချင်တာက စာသားတွေပဲဖြစ်ဖြစ်၊ ပုံတွေပဲဖြစ်ဖြစ်၊ ဆော့စ်ဝဲလ်
ဖိုင်တွေပဲဖြစ်ဖြစ် အားလုံးကို တခါတည်းနဲ့ ကော်ပီကူးတော့မယ် ဆိုရင် Ctrl+A
နဲ့ စလက်ပေးပြီ.. Selection ဝင်သွားပြီဆိုမှ ကော်ပီကူးလိုက်ရင်
အားလုံးတခါတည်း ပါလာပါတယ်..

ကော်ပီကူးပြီးပြီဆိုရင်တော့
ကျနော်တို့ ရလာတဲ့ notepad လေးကိုသိမ်းပါတော့မယ်.. ဘယ်လိုသိမ်းလဲ
ဆိုတာအောက်က ပုံလေးကိုဆက်ကြည့်လိုက်ပါဗျာ..
ဘယ်လိုသိမ်းမလဲဆိုတော့
Notepad Menu ဘားတန်းက File ကိုသွားလိုက်ပါ..။ တချက်ကလစ်(နှိပ်)လိုက်ရင်
Save as.. ကိုတွေ့ပါလိမ့်မယ်..။ အဲဒါကိုနှိပ်လိုက်ရင်.. ဘောက်စ်တစ်ခု
ထွက်လာပါလိမ်မယ်.. ။ အဲဒီဘောက်စ်ထဲမှာ Desktop ကိုရွေး၊ File nameး မှာ
နာမည်ပေး.. (လွယ်တဲ့ဟာပေါ့ ဥပမာ- 999 တို့ 009 တို့ပေါ့)
ကိုယ်ပေးချင်တဲ့နာမည် လှလှလေးလည်း ပေးလို့ရပါတယ်..။ Save as types: မှာ All
files လို့ပြောင်းပေး....။ Encoding: မှာ Unicode လို့ထပ်ပြောင်းပေး..
ပြီးရင် Save နှိပ်လိုက်ရင် .. Desktop (screen) မှာ
ကိုယ်ကော်ပီကူးလိုက်တဲ့ စာတွေကို Notepad ဖိုင်လေးနဲ့ ရလာပါပြီ..
အင်တာနက်ကစာတွေ
၊ ကိုယ့်ရဲ့ ပါစ့်ဝါ့တို့ ဘာတို့ ရေးပြီးလို့ ကိုယ့် pandrive ထဲ
ပြောင်းထည့်ရင်တော့ (Cut-Paste) ကိုသုံးပါမယ်..။ ဘာလို့လည်းဆိုတော့
ကိုယ့်ရဲ့ဖိုင်ကို အင်တာနက်ဆိုင်က ကွန်ပျူတာထဲမှာ မထားခဲ့၊
မကျန်ခဲ့အောင်လို့ပါ...။ Notepad ဖိုင်ပေါ်မှာ Right Click နှိပ် Cut
လုပ်ပြီး .. ကိုယ့် Pandrive ဖိုင်ပေါ်ကို မောက်စ်မျှားလေးတင်ပြီး တခါထည်း
Right Click နှိပ် Paste လုပ်လိုက်ရင် .. Desktop
ပေါ်မှာမကျန်ခဲ့တော့ပါဘူး..။ အားလုံးကိုယ့် Pandrive ထဲရောက်လာပါပြီ..။
အဲဒါလေးကိုယူသွားပြီး အိမ်က ကွန်ပျူတာမှာ ထိုးပြီးဖွင့်ကြည့်..။
ပျောက်မှာစိုးရင် ဒီနည်းနဲ့ပဲ အိမ်က စက်ထဲကို ပြန်ပြောင်းထည့်..။ ok
ပေါ့.. လွယ်လွယ်လေးပါ..
မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)
ကွန်ပျူတာတစ်လုံးရဲ့
မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့်
Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar
သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို
ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ
ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင်
အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar
နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။
မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က
သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar
နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို
ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ
မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar
နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ
ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့
ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း ဗိုင်းရပ်စ်ဖျက်လိုက်ရင်
သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။
မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ ဒီနေရာမှာ
ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။
ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေက
ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့
ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက
စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့..
ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို
သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ
အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ
အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်..
ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့နည်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

No comments:
Post a Comment
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......