ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

F.lux settings

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်
ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်. မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိ

တတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.
များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter
အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ
 သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်
ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်
လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်
လည်း အကျိုးများစေပါလိမ့်မယ်.
နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေ
အတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.
နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ
နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း
သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.
သုံးစွဲကြည့်လိုက်ပါ. ကြိုက်ရင်ဆက်သုံးပါ. မိတ်ဆွေသူငယ်ချင်းအပေါင်း
အသင်းတွေကိုလည်း မျှဝေပေးလိုက်ပါ. မကြိုက်ရင်တော့ ပြန်ဖြုတ်လိုက်ပါ
အားလုံးပဲ ကိုယ်ပိုင်ဆိုင်တဲ့ မော်နီတာလေးတွေကို အားရပါးရ မျက်စိမညောင်းတမ်း ရှုစားအရသာခံနိုင်ကြပါစေဗျားးးးး

Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......