ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

ကမ္ဘာ့တန်ဘိုးကြီးဖုန်း စာရင်းဝင် နောက်ဆုံးထွက် Vertu Ti မိုဘိုင်းဖုန်း

  ပြောင်းလဲတိုးတက်လာတဲ့ မိုဘိုင်းဖုန်း ခေတ်ထဲမှာ luxury branded
မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံ Vertu ကုမ္ပဏီမှ
တန်ဘိုးကြီး hardware များနဲ့ပြုလုပ်ထားတဲ့ Vertu Ti အမည်ရှိ
Android 4.0 (Ice Cream Sandwich) စနစ်ဖုန်းတစ်လုံး ထုပ်လုပ်
လိုက်ပါတယ်။ Vertu Ti မှာ ၄င်းကုမ္ပဏီ၏ ဒုတိယမြောက် Touch

screen phone တစ်လုံးဖြစ်ပြီး ပထမ မျိုးဆက် Vertu Constellation
touch screen ဖုန်းကိုတော့ Symbian စနစ်ကို အသုံးပြုထားခါ
အခြားဖုန်းများကတော့ java စနစ် key pad ဖုန်းများဖြစ်ပါတယ်။
ဖုန်းများကို လက်လုပ် (hand-made) စနစ်ဖြင့်တိကျသေသပ်စွာ
 ပြုလုပ်ပေးခြင်း၊ အသုံးပြုထားသော ဖုန်းကိုယ်ထည်များ၊ ကင်မရာများ၊
ခလုပ်များ၊ screen များ၊ စသည်တို့ကို တန်ဖိုးကြီး ရတနာများ၊ သားရေ
အစစ်များ၊ တန်ဖိုးကြီး သတ္ထုများဖြင့် ပြုလုပ် ထားခြင်း စသည်တို့ကြောင့်
Vertu ကုမ္ပဏီထုတ်ဖုန်းများမှာ တန်ဖိုးအလွန်အမင်းမြင့်မားပြီး၊ လက်ဝတ်
ရတနာတစ်ခုကဲ့သို့ တန်ဖိုးထား ကိုင်ဆောင်ကြပါတယ်။ 
      

                          ယခု နောက်ဆုံးထွက် Vertu Ti ဖုန်းမှာ ကိုယ်ထည်ကို ပေါ့ပါးပြီး မာကျောသော grade 5 အရည်အသွေး ရှိသည့် တိုက်တေနီယံ သတ္ထုဖြင့်ပြုလုပ်ထားပါတယ်။ ၃.၇ လက္မအကျယ်ရှိတဲ့ Touch Screen မျက်နှာပြင်ကိုတော့ တန်ဘိုးကြီးနာရီများတွင် အသုံးပြုတတ်သည့် အစင်းမထင်သော Sapphire Crystal မှန်သားဖြင့် ပြုလုပ်ထားပါတယ်။ ဖုန်း၏နောက်ဘက် Sim card ထည့်သည့် အဖုန်းတွင် Vertu ၏ကိုယ်ပိုင်တံဆိပ် လှပသေသပ်သည့် V ပုံစံကို ထွင်းထုထားပြီး အဖုန်း အဖွင့်အပိတ်ခလုပ်တွင်လည်း အနီရောင် ပတ္တမြားကျောက် အစစ်ကို မြှုပ်နှံတပ်ဆင်ထားပါသေးတယ်။ ၄င်းခလုပ်၏ ဘေးတွင် 1080P HD ဗွီဒီယိုများ၊ ဓါတ်ပုံများ ရိုက်ကူးနိုင်သည့် အရည်အသွေးမြင့် 8 MP ကင်မရာတပ်ဆင်ထားပြီး၊ တစ်ဘက်တွင်တော့ LED မီးလုံးနှစ်လုံးပူးတွဲတပ်ဆင်ထားသည့် Camera flash မီးပါဝင်ပါတယ်။ ၄င်းတို့၏အပေါ်ဘက်တည့်တည့်တွင် ဒိန်းမတ်နိုင်ငံ မှ နာမည်ကြီး Bang & Olufsen (world-class audio facilities) အသိအမှတ်ပြု stereo speaker တပ်ဆင်ထားပြီး၊ ကျန်နေရာများတွင် အထူးပြုလုပ်ထားသော Leather သားရေအစစ်ဖြင့် လှပသေသပ်စွာ အလှဆင်ပေးထားပါတယ်။                                            ရှေ့ဘက်မျက်နှာပြင်တွင် Speaker နေရာကို အလွယ်တကူ နားထောင်နိုင်စေမည့် ဖောင်းကြွပုံစံပြုလုပ်ထားပြီး Vertu ၏ အမှတ်အသား V ပုံကိုလည်း ခန့်ထည်စွာ ရေးထွင်းထားခါ 1.3 MP ရှိ Secondary Camera လည်းမြှုပ်နှံထားပါသေးတယ်။ Touch Screen ၏အောက်ခြေ တွင် Android စနစ်အတွက် home/ back/ menu ခလုပ် ၃ ခုကို စနစ်တကျ လက်ရာမြောက်စွာ ထည့်သွင်းပေးထားပြီး၊ တရိစ္ဆာန်သားရေတစ်မျိုး ဖြင့် ထပ်မံအလှဆင်ထားပါတယ်။ ဖုန်းမှာ တပ်ဆင်အသုံးပြုထားတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို အင်္ဂလန်နိုင်ငံရှိ ကျွမ်းကျင်သည့် ပန်းတိမ်ဆရာတစ်ယောက်ချင်းစီဖြင့် သီးသန့် hand made ပြုလုပ်ထားပြီး အစိတ်အပိုင်းတိုင်းမှာ ပန်းတိမ်ဆရာများရဲ့ လက်မှတ်များ ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။
                             သာမန် laptop ကွန်ပျူတာနီးနီး စွမ်းဆောင်ရည်ရှိသည့် 1.7 GHz Snapdragon dual core processor နှင့် 1GB RAM တို့က တန်ဖိုးကြီးဖုန်းတစ်လုံး၏ စွမ်းဆောင်ချက်ကို ပိုမို ထောက်ပံ့ပေးထားပါသေးတယ်။ Internal memory 64GB အဆင်သင့် ပါဝင်ပြီး ထို့ထက်ပို၍ အသုံးပြုလိုပါက 32 GB ထိအောင် Micro SD ထပ်၍ စိုက်နိုင်ပါသေးတယ်။ ထို့ထက်ပိုမိုထူးခြားသည်မှာ ၄င်းဖုန်းတွင်ထည့်သွင်းထားသည့် ringtone ဖုန်းမြည်သံများကို အင်္ဂလန်နိုင်ငံ၏နာမည်ကြီး London Symphony Orchestra ဂန္တဝင်တီးဝိုင်းမှ တီးခတ်ဖန်တီးပေးထားခြင်းပင်ဖြစ်ပါတယ်။ ။။။။။။။။ အသုံးပြုနိုင်တဲ့ Network များကတော့ 2G အတွက် GSM 850/ 900/ 1800/ 1900 နှင့် 3G အတွက် HSDPA 850/ 900/1800/ 2100 တို့ဖြစ်ပြီး၊ Sim Card ကိုတော့ mini sim အမျိုးအစားအသုံးပြုရမှာဖြစ်ပါတယ်။ Wi-Fi 802.11 b/g/n နှင့် Wifi hotspot function, Bluetooth 4.0, micro USB 2.0, NFC connection များလည်းပါဝင်ခါ GPS, Accelerometer, proximity, compass ဆင်ဆာများလည်းပါဝင်ပါတယ်။ ဗွီဒီယိုဖိုင်များအနေနဲ့ MP4/DivX/XviD/WMV/H.264/H.263 များကို ကြည့်ရှုနိုင်ပြီး၊ သီချင်းဖိုင်များကိုတော့ MP3/WAV/eAAC+/AC3/FLAC များနားဆင်နိုင်မှာဖြစ်ပါတယ်။ Pre-installed application များအနေနဲ့ Google application များ၊ Photo/ video editor များ၊ Office editor များလည်းပါဝင်ပါတယ်။ Voice command ပေးသည့်စနစ်လည်းပါဝင်ပြီး၊ noise cancellation စနစ် မိုက်လည်းပါဝင်ပါသေးတယ်။
                         အခြား Branded မိုဘိုင်းဖုန်းများထက် ပိုမိုကောင်းမွန်သည့် အချက်ကတော့ Concierge button လို့ခေါ်တဲ့ Vertu Customer Service Provider ကိုဆက်သွယ်နိုင်တဲ့ ခလုပ်တပ်ဆင်ပေးထားခြင်းဖြစ်ပြီး ၄င်း service မှ ဘာသာစကား ၈ မျိုး ဖြင့် အချိန်မရွေး နိုင်ငံတကာမှ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။ အားနဲချက်ကတော့ ၃.၇ လက္မအရွယ်ရှိတဲ့ Sapphire Crystal touch screen မျက်နှာပြင်ဟာ resolution 480 x 800 pixels, (~252 ppi pixel density) သာထုပ်ဖေါ်ပြသပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အင်္ဂလန်ပေါင် ၇၀၀၀ ခန့်ရှိပြီး၊ ကာလပေါက်ဈေးနှင့်ယှဉ်လျှင် မာစီးဒီးစ် ဇိမ်ခံကား တစ်စီးထက်ပင်ဈေးကြီးနေသော်လည်း လက်ရှိအချိန်ထိ Vertu ကုမ္ပဏီတည်တံ့နေသေးသည့် အနေအထားကို ကြည့်ပါက ၄င်းကုမ္ပဏီ၏ တန်ဘိုးကြီးဖုန်းများကို ဝယ်ယူအသုံးပြုသူများလည်း ရှိနေသေးကြောင်း ခန့်မှန်းနိုင်ပါတယ်။ အဆင်သင့် တပ်ဆင်ပေးထားသော အစိတ်အပိုင်းများကို မနှစ်သက်ပါက အသုံးပြုသူစိတ်ကြိုက် တပ်ဆင်လိုသည့် ရတနာများဖြင့် အော်ဒါမှာယူနိုင်ပြီး၊ ပေါင် ၁၄၀၀၀ ကျော်ထိအောင် တန်ဖိုးကျသင့်နိုင်ကြောင်းလဲသိရပါတယ်။

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......