ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Online video ဆိုက်များစွာ မှ Video များကို HD quality ဖြင့် download လုပ်နိုင်သော Save2PC Ultimate 5.2.6.1429

Youtube, Facebook, Tangle, Godtube, Vimeo, Myspace, Break.com,
Megavideo.com, TeacherTube, Blip.TV, DailyMotion စတဲ့ video
ဆိုက်များစွာမှာ video များကို အကောင်းဆုံး အရည်အသွေးဖြင့်
 download လုပ်ပေးနိုင်မည့် Save2PC Ultimate နောက်ဆုံးထွက်

version 5.2.6.1429 ပါ။ Internet download manager နှင့် real player
 ကဲ့သို့သော pop-up flash detector addon များကို အသုံးပြု၍  အွန်လိုင်း
ဗွီဒီယိုများကို download လုပ်နိုင်သော်လည်း flash browser plug-in ၏
ရံဖန်ရံခါ crash ဖြစ်ခြင်း၊ browser update နှင့် flash ပူးတွဲသုံး၍ အဆင်
မပြေခြင်းများကြောင့် အထက်တွင်ဖေါ်ပြခဲ့သော internet download
manager နှင့် real player pop-up addon များမှာ တစ်ခါတစ်ရံ အလုပ်မလုပ်နိုင်ပါဘူး။

                             ယခု Save2PC ကတော့ download လုပ်လိုသည့် video site သို့သွားခါ address URL ကို copy ကူးယူလာပြီးလျှင် ပုံတွင်ပြထားသကဲ့သို့ paste box တွင် paste လုပ်ခါ Get Video button ကို နှိပ်ပေးရုံဖြင့် နှစ်သက်ရာ video ကို download ရယူနိုင်ပါတယ်။ Browser addon မဟုတ်သည့်အတွက် browser addon downloader များကဲ့သို့ download လုပ်ချိန်မှာ browser ကို crash ဖြစ်စေခြင်း၊ လေးလံသွားစေခြင်းများ မဖြစ်စေနိုင်ခြင်းက အခြား video downloader များထက်အားသာသည့်အချက်ဖြစ်ပြီး၊ အားနဲချက်ကတော့ resume မရပါဘူး။ save2pc_ult.exe ကို အရင် install ပြုလုပ်ပါ။ ပြီးနောက် ပြန်ပိတ်ခါ download file ထဲတွင်ပါဝင်သော save2pc.5.xx.full.patch.v1.5-Cerberus.exe ကို ဖွင့်ခါ ပုံတွင်ပြထားသည့်အတိုင်း Patch ကိုနှိပ်ပေးလိုက်လျှင် Ultimate full version ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

                                                DOWNLOAD HERE

အသုံးပြုပုံ

၁။ download ပြုလုပ်လိုသော video site သို့သွားခါ video ၏ URL လိပ်စာ (ဥပမာ- http://www.youtube.com/watch?v=wTaXI9LUugc) ကို copy ကူးပြီးလျှင် အောက်ပါ ပုံတွင်ပြထားသည့်အတိုင်း paste box တွင် paste လုပ်ခါ Get Video button ကိုနှိပ်ပါ။
 ၂။  ပြီးလျှင် အများဆုံး ၃ မိနစ်ခန့် စောင့်ဆိုင်း ပေးပြီးနောက် download လုပ်မည့် video file ကို detect လုပ်ပါမယ့်။ ဗွီဒီယိုဖိုင် Quality ကို မိမိနှစ်သက်ရာ file format ကို ရွေးချယ်ခါ download button ကိုနှိပ်ပါ။

၃။ download button ကိုနှိပ်လိုက်လျှင် အထက်ပါပုံတွင်ပြထားသည့်အတိုင်း download ပြုလုပ်ရန် အဆင်သင့်အနေအထားကို ရောက်ရှိသွားမည်ဖြစ်ပြီး ထပ်မံ၍ ပုံတွင်ပြထားသည့် Start button ကိုနှိပ်ပေးလိုက်လျှင် စတင် download လုပ်မှာဖြစ်ပါတယ်။
၎။  ယခု Save2PC Ultimate မှာ version များအားလုံးထဲတွင် အကောင်းဆုံး ဖြစ်ပြီး၊ Youtube, Dailymotion, Metacafe, Facebook ကဲ့သို့သော site များအပြင် Porn site များမှ Video များကို ပါ download ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ၄င်း ဆိုက်များမှ video များကို download မလုပ်စေလိုပါက အထက်ပါပုံအတိုင်း Save2PC ၏ ဘေးဘက် column ရှိ Settings သို့သွားခါ Disable Porns ဟူသော check box တွင် အမှန်ခြစ်ပေးပြီး password ထည့်ခါ OK ကိုနှိပ်ပေးထားလိုက်ပါ။ Porn site မှ Video များကို download လုပ်တိုင်း Password တောင်းမည်ဖြစ်ပြီး၊ password မမှန်လျှင် download လုပ်နိုင်မှာမဟုတ်ပါဘူး။

stamedia ဆိုက်မှ ကူးယူးဖော်ပါတယ်

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......