ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

iTunes Error 1013,1014 & 1015

iTunes error 1013 သည် iOS 4.2.1 နှင့် iOS 4.3.3 တို့ ကို Update
လုပ်သော အချိန်များတွင် ဖြစ်ပေါ်လေ့ ရှိသော Error များဖြစ်သည်။
ယင်း error များကို ဖြေရှင်းရန် နည်းလမ်း နှစ်သွယ်ဖြင့် တင်ပြပေးထားပါသည်။
နည်းလမ်း (၁)
Host file ကို ပြင်ဆင်ခြင်း

၁) My Computer -> Local Disk (C:) -> Windows -> System32 -> 

    drivers -> etc -> hosts ကိုသွားပါ။
၂) "hosts" ကို Right click ထောက်ပြီး Copy ကူးယူပြီး Desktop တွင် 

     Paste လိုက်ပါ။
၃) Desktop ရှိ "hosts" file ကို Note pad နှင့်ဖွင့်ပါ။
၎) "gs.apple.com" ပါရှိသော စာကြောင်းတိုင်းကို Delete လုပ်ပြီး Save ပါ။
၅) ယင်း Save ပြီးသော Desktop ရှိ "hosts" file ကို Copy ကူးပြီး 

    အဆင့်(၁) တွင် ဖော်ပြထားသော လမ်းကြောင်းအတိုင်း Replace လုပ်ပေးလိုက်ပါ။
၆) Device ကို Restore ပြန်လုပ်ပါ။

နည်းလမ်း (၂)

၁) Download fixrecovery43 (Win)
၂) iTunes ကို ဖွင့်ထားပါပြီး fixrecovery43.exe ကို Run လိုက်ပါ။ 

    ထို့ နောက် Device ကို DFU mode အောက်ပါ အတိုင်း ပြောင်းပါ။
၃) iDevice ကို Turn Off လုပ်ပါ။
၎) Home + Power button ကို ၁၀စက္ကန့် ခန့် နှိပ်ပါ။
၅) Power button ကို လွှတ်ပြီး Home button ကို fixrecovery43 က

    iDevice ကို Detect သိသည်ထိ နှိပ်ထားပါ။
၆) fixrecovery43 က Detect သိသွားပါက Screen ပေါ်မှာ ပုံတွင်ပြထား

   သကဲ့သို့  စာတန်းများတက်လာပါလိမ့်မည်။


အထက်ပါ အတိုင်း ဆောင်ရွက်သော်လည်း Recovery mode မှ
မထွက်ခဲ့ပါက TinyUmbrella, RecBoot စသည်တို့ ဖြင့် ကြိုးစားနိုင်ပါသေးသည်။


ကြေးစာလေးမှ တဆင့်

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......