ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

viber ကို Phone,Laptop,computer တွင်သုံးကြမယ်


ဒီဆော့ဝဲလေးကတော့ အသုံးတည့်လို့  သုံးနေကြသူတွေ
 အများကြီးရှိပါတယ်မသိသေးသူတွေ သုံးရအောင်
 ထပ်ဆင့်မျှဝေလိုက်ပါတယ် ။ ဖုန်းထဲမှာ Viber
ဆော့ဝဲထည့်ထားရင်  ဆော့ဝဲရှိတဲ့ ဖုန်းအချင်းချင်း Gtalk
ပြောသလိုပြောလို့ အဆင်ပြေတယ် ။အင်တာနက်တော့
ချိတ်ထားရမယ် ။  အဲ့ဆိုရင်  ဖုန်းထဲကပိုက်ဆံ  စားမသွားဘူး ။
မြန်မာပြည်ကလူတွေ  ပြည်ပကို  ခေါ်ချင်ရင်လည်း
အဆင်ပြေနိုင်သလို ၊  ပြည်ပကလူတွေ  မြန်မာပြည်ကဖုန်းကို
ခေါ်ဖို့ လည်း ပိုက်ဆံကုန်သက်သာပါတယ် ။အဓိက
အရေးကြီးတာက  ဖုန်း၂လုံး စလုံးမှာ အင်တာနက်ချိတ်ဖို့ နဲ့ 
ဆော့ဝဲရှိဖို့ ပဲလိုတယ် ။ ချက်တင်တွေလည်း ရသလို
ပုံတွေပို့ ရင်လည်း  မြန်တယ် ။ ဖုန်းတိုင်းတော့မရပါဘူး ။
နောက်ပေါ်တဲ့ ဖုန်းတွေမှာ ပိုအဆင်ပြေပါတယ်  ။
Android နဲ့  IOS တွေ မှာ ပိုအဆင်ပြေတယ်
Samsung နဲ့   Iphone တွေမှာတော့ အဆင်ပြေနေကြတာ  ။
ကျန်တာတွေကို ဆက်လက့်လေ့လာကြည့်ပေါ့
အဆင်ပြေနေတဲ့ ချစ်သူ ခင်သူတွေကတော့
ပိုပြီးကိုင်သင့်ပါတယ်။ ဖုန်းခလည်းသက်သာတယ် ။
တစ်ခုပြောချင်တာက ကွန်ပြူတာတိုင်းမှာ မရပါဘူး။
ဟို..Notebook or Netbook အသေးစားလေးတွေ နဲ့
Windows Starter တင်ထားတဲ့ စက်တွေမှာ
အလုပ်မလုပ်ပါဘူး ။ စက်တိုင်းလည်း
အဆင်ပြေတာတော့ မဟုတ်ပါဘူး။ တချို့စက်တွေမှာ
 တဖက်က အသံကို ကြားရပြီး ကိုယ့်ဘက်က အသံကို
မကြားရတာတွေလည်း ကြုံရပါတယ်။ ဆော့ဝဲလ်ရဲ့
အားနည်းချက်လို့ ပြောရမယ် ထင်ပါတယ်။
လိုင်းပိုကောင်းတာသုံးလိုက် ကဲ
အဆင်ပြေချင်သူတွေ စမ်းကြည့်စေဖို့ .........။


                  ဒီမှာ ယူသွားလိုက်ပါ။                 

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......