ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Gtalk အကောက်များများ တပြိုင်တည်း ဖွင့်သုံးဖို့


အချို့သောသူတွေ gmail account နှစ်ခု သုံးခု ရှိတက်ကြပါတယ်။ ရှိထားတဲ့အလျောက်
 ရှိသလောက် ကိုလည်း တစ်ချိန်တည်းမှာ ဖွင့်လိုကြပါတယ်။ ဒါပေမယ့် ကွန်ပြူတာ

 အသစ်မှန်ရင် အဲ့လိုလုပ်တာကို လက်မခံပါဘူး။ လုပ်လို့မရပါဘူး။ သိပြီးတဲ့ လူတွေလည်းရှိမယ်။
 မသိသေးသူတွေလည်း ရှိပါမယ်။ အပေါ်ပုံကို ကြည့်ပါ။ တစ်ချိန်တည်းမှာ Gtalk တွေအများကြီး ဖွင့်ထားပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁။ Gtalk icon ကို right-click ပြီး Create  Shortcut နှိပ်လိုက်ပါ။
၂။ ခုနားက မျိုးပွား Gtalk Shortcut ကို right-click ပါ။
၃။ အောက်ဆုံးက Properties ဆိုတာကို left-click ပါ။ အဲမှာ right-click လုပ်ခဲ့တဲ့
    Gtalk shortcut ရဲ့properties  ကိုပြတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။
၃။ အဲ့မှာ “Target:” ဆိုတာရဲ့ ညာဘက်က အကွက်လေးထဲမှာ
 "C:\Program Files\Google\Google Talk\googletalk.exe" ဆိုတာကို
 "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ပြောင်းလိုက်ပါ။


၎။ Apply လုပ်ပြီး OK ပေါ့...
၅။ ဒါပါပဲ...ပြီးသွားပါပြီ...

ပြီးရင် စမ်းကြည့်ပေါ့။ Gtalk တစ်ခုဖွင့်ပြီး နောက်တစ်ခု ဖွင့်လို့ ရမရ....ကျွန်တော်တော့
သူငယ်ချင်းတစ်ယောက် ပြလို့ အဲ့လိုလူလည် လုပ်လာတာ ကြာပြီ...တစ်ခြားနည်းတွေလည်း ရှိပါတယ်။
 ဒါက ကျွန်တော် သိသလောက်ထဲက အလွယ်ဆုံး နည်းပါပဲ။ ပျော်ရွင်နိုင်ပါစေ..



အာကာဖြိုး (နည်းပညာ)

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......