ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Gmail Account တစ်ခု ဆောက်နည်း

ကျနော့်တုန်းကလို Gmail အကောင့် တစ်ခုကို စမ်းတဝါးဝါးနဲ့
မဆောက်ရလေအောင်လို့ ကျနော် သိထားပြီးဖြစ်တဲ့ Gmail အကောင့် ဆောက်ပုံကို

 ပြောပြပေးပါမယ်။ပထမဆုံး အနေနဲ့Google Browser ရဲ့ gmail.ဆိုတာကို ရိုက်ပြီး ဖွင့်လိုက်ပါ။



ဒီအခါ ညာဖက် အပေါ်နားမှာ ရှိတဲ့ Create An Account ဆိုတဲ့ အနီရောင် Button ကြီးကို နှိပ်လိုက်ပါ။




Form ဖြည့်ရမယ့် နေရာကို ရောက်ပါပြီ၊




၁။ ကိုယ့်ရဲ့ ပထမ နာမည်ကို ရိုက်ထည့်ပါ။
၂။ ကိုယ့်ရဲ့ ဒုတိယ နာမည်ကို ရိုက်ထည့်ပါ။

(ဥပမာ – နာမည်က အောင်မြင့် ဆိုပါတော့။ ဒါဆို ပထမ နေရာမှာ အောင်၊
ဒုတိယ နေရာမှာ မြင့်။ ဒီလိုလည်း ထည့်လို့ ရသလို၊ ကိုယ်က ယောက်ျားလေးဆိုရင်
 ပထမနေရာမှာ မောင်၊ ဒုတိယ နေရာမှာ အောင်မြင့် ဒီလိုလည်း ထည့်လို့ ရပါတယ်။
 အဆင်ပြေသလို ထည့်ပေးလိုက်ပါ။)

၃။ ဒီနေရာမှာ ကိုယ်ရယူချင်တဲ့ အကောင့် နာမည်ကို ရေးပေးရပါမယ်။
 အကယ်၍ကိုယ်လိုချင်တဲ့ နာမည်က မရဘူး ဆိုရင် သူက မရကြောင်းကို
 အောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ ရတယ်ဆိုရင်တော့ ဘာမှ မပြပါဘူး။

၎။ ဒီနေရာမှာ လျှို့ဝှက် နံပါတ်ကို ထည့်ပေးရပါမယ်။ ကိုယ်ပေးချင်တဲ့ နာမည်၊
 နံပါတ် တွေကို ပေးပါ။ အကောင်းဆုံးကတော့ စာနဲ့ ဂဏန်းတွေကို တွဲဖက်ပြီး
 ပေးတာပိုကောင်းပါတယ်။ကိုယ့်ရဲ့passwordအနေအထားကအားကောင်းလား၊အားနည်းလား ဆိုတာကိုလည်း ဘေးမှာ ပြပေးပါတယ်။ 
ပက်စ်ဝှက်ကို အနည်းဆုံး ၆ လုံး ပေးရပါမယ်။

၅။ အပေါ်က ပက်စ်ဝှက် ကိုပဲ ထပ်ပြီး ထည့်ပေးရပါမယ်။

၆။ ၇။ ၈။ ဒီနေရာတွေမှာတော့ ကိုယ့်မွေးနေ့ကို လ၊ ရက်၊ နှစ် အစဉ်အတိုင်း ဖြည့်ပေးလိုက်ပါ။

၉။ ဒီနေရာကတော့ ယောက်ျား၊ မိန်းမ ရွေးပေးရမယ့် နေရာပါ။ ယောက်ျားဆို
 Male, မိန်းမဆို Female ပေါ့။


၁၀။ ဖြည့်ဖို့ မလိုအပ်ပါဘူး။

၁၁။ အခြား ရှိပြီးသား အီးမေးလ် တစ်ခုကို ဖြည့်ပေးရပါမယ်။
 အကယ်၍ မရှိဘူး ဆိုရင်ဖြင့် khinenyilin@gmail.com ဆိုတာကို ဖြည့်ပေးလိုက်ပါ။

၁၂။အပေါ်မှာပြထားတဲ့မထင်မရှားစာတွေကိုမှန်အောင်ရိုက်ထည့်ပေးရပါမယ်။ဒီအခါမှာရှေ့စာလုံးနဲ့
 နောက်စာလုံးကြားမှာspaceခြားပါ။အကယ်၍ပြထားတာကိုမဖတ်တတ်ရင်
 မြှားအဝိုင်းပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆို နောက်အသစ် တစ်မျိုးကို ထပ်ပြပေးပါလိမ့်မယ်။

၁၃။ အဲ့ဒီနေရာမှာ ကလစ်နှိပ်ပြီး ခေါက်လေး ခြစ်ပါ။

၁၄။ အားလုံး ဖြည့်ပြီးသွားရင် ဒီနေရာကိုသာ နှိပ်လိုက်ပါ။





အကယ်၍များ နောက်ပေါ်လာတဲ့ စာမျက်နှာဟာ Verify Your Account ဆိုပြီး
 ပေါ်လာခဲ့ရင်ဖြင့် ဖုန်းနံပါတ်ကို ရိုက်သွင်းပေးရပါတယ်။ အဲ့ဒီအခါ Gmail ကနေပြီး
ကိုယ့်ဖုန်းထဲကို code ပို့ပေးပါလိမ့်မယ်။ တကယ်လို ဒီနေရာမှာ အခက်တွေနေမယ်ဆိုရင်(ဖုန်းမရှိ) နောက်ထပ် browser တစ်ခု ပြောင်းပြီး
 ထပ်ဖွင့်ကြည့်ပါတယ်။ ဥပမာ – ပထမဟာကို Firefox နဲ့ ဖွင့်လို့ အဲ့ဒီလို ပေါ်လာခဲ့ရင်
Chrome နဲ့ ပြောင်းပြီး ဖွင့်ကြည့်ပါတယ်။


 အောက်ကလို ပေါ်လာခဲ့ရင်တော့ အဆင်ပြေပါပြီ။ ပုံမှာ ပြထားတဲ့အတိုင်း
Next Step ကို နှိပ်လိုက်ပါ။ ပြီးရင် သူ့အောက်က ပုံထဲမှာ
ပြထားတဲ့အတိုင်း Continue to Gmail ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ 
Gmail ကို ရောက်သွားပါလိမ့်မယ်။

ဒီလိုနဲ့ Gmail Account တစ်ခုကို လွယ်လင့်တကူ အောင်မြင်စွာ ဖွင့်လို့ ရသွားနိုင်ပါပြီ။
အားလုံး အဆင်ပြေကြပါစေ....

ခိုင်ညီလင်း

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......