ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Galaxy Tab 2 10.1 ++ကို Root လုပ်ခြင်း...

                            
Galaxy Tab 2 က Root လုပ် ရ ခက်ခဲ့ ပေမဲ့ အခုတော့ Root လုပ်ရ လွယ်သွားပါပြီ။
အခု ပေးမဲ့ နည်းလမ်းက သွင်းတားတဲ့ App နဲ့ ဖိုင်တွေ မပျက်စေ ပဲ သွင်းလို့ ရတဲ့ နည်းလမ်းပါ။
အရေး တစ်ကြီး သတိပေးချင်တာကတော့Root လုပ်ခြင်းကြောင့် warranty ပျက်ပါတယ်။အခု Document အတိုင်း ပြုလုပ်ခြင်းကြောင့် ဖြစ်ပျက်သမျှသည် သင်နှင့်သာ သက်ဆိုင်ပြီး။ စာရေးသူ နှင့် မည်သို့ မျှ မသက်ဆိုင်ပေ။အောက်ပါ အဆင့်များ ကို ကိုယ်တိုင် စမ်းသပ်ပြုလုပ်ပြီး အောင်မြင် ပြီးမှ ရေးသားခြင်း ဖြစ်သည်။Root ပြုလုပ် ပုံ အဆင့်များ.....ယခု နည်းလမ်းဖြင့် ICS တင်ထားသော Galaxy Tab 2 ရ လက်မ နှင့်ရော ၁၀.၁ လက်မ အားလုံး အတွက် အကျုံး ဝင်သည်။

အောက်ဖော်ပြ ပါ အဆင့် များ အားလုံး အား အရင်ဖတ်ပါ ပြီး မှ လုပ်ဆေင်ပါ။

ပထမဦးဆုံး အနေနဲ့ အောက်ဖော်ပြပါ ဖိုင် နှစ်ဖိုင် ကို အရင်ဒေါင်းလုပ် ဆွဲပါ။
၁။ SAMSUNG KIES( http://www.samsung.com/us/kies/ )
၂။ Odin v1.85( http://nfye.eu/gtab2/Odin3-v1.85_3.zip )
ထို နှစ်ဖိုင် ဒေါင်း ပြီးပါက အောက်ဖော်ပြပါ သင့် Device နှင့် ကိုက်ညီသော ClockworkMod Recovery (CWM) ကို ဒေါင်း ပါ။

p5100 အတွက်( http://teamhacksung.org/download/samsung/GT-P5100/GT-P5100_ClockworkMod-Recovery_5.5.0.4.tar )

p5110 အတွက်( http://teamhacksung.org/download/samsung/GT-P5110/GT-P5110_ClockworkMod-Recovery_5.5.0.4.tar )

p5113 အတွက်( http://teamhacksung.org/download/samsung/GT-P5113/GT-P5113_ClockworkMod-Recovery_5.5.0.4.tar )

p3100 အတွက်( http://teamhacksung.org/download/samsung/GT-P3100/GT-P3100_ClockworkMod-Recovery_5.5.0.4.tar )

p3110 အတွက်( http://teamhacksung.org/download/samsung/GT-P3110/GT-P3110_ClockworkMod-Recovery_5.5.0.4.tar )

p3113 အတွက်( http://teamhacksung.org/download/samsung/GT-P3113/GT-P3113_ClockworkMod-Recovery_5.5.0.4.tar )

သက်ဆိုင်ရာ CWM ဖိုင်ကို ဒေါင်း ပြီးပြီ ဆိုလျှင်Root လုပ်ရန် ဖိုင်ကို ဆက်ဒေါင်း ရမည်ဖြစ်သည်။

အောက်ဖော်ပြ မိမိ စက် မော်ဒယ် နှင့် သက်ဆိုင်သော Root ဖိုင်ကို ဒေါင်း ပါ ပြီးလျှင် အဆိုပါ ဖိုင်ကို စက် SD ကဒ်မှာ ဖြစ်စေ Internel Memory မှာ ဖြစ်စေ မူလ ဖိုင် အတိုင်း သိမ်းပါ။ ZIP ဖိုင် ကို ဖြည်စရာ မလိုပါ။

p5113 အတွက် ( http://nfye.eu/gtab2/cwm-root-gtab2.zip )

p5100 နှင့် p5110 အတွက် (http://nfye.eu/gtab2/cwm-root-gtab2a.zip)

၇ လက်မ Tab 2 စက်များ အတွက် ( http://www.mediafire.com/?kjb0rg9bs87p2ma )
အထက်ပါ Root ဖိုင် ကို ဒေါင်း ပြီး လျှင် SD သို့ မဟုတ် Internal Memory ထဲကို ကူးထည့်ပြီးပြီဆိုပါက။အောက်ပါ အဆင့်များကို ဆက်လက် လုပ်ဆောင်နိုင်ပါပြီ။
သင့် Tablet ကို ပိတ်လိုက်ပါ။ Power Offပြီးလျှင် ပါဝါ ခလုပ်နှင့် volume UP ကို နှိပ် ပါ။ (volume UP သည် ပါဝါခလုပ် နှင့် ဝေးသော ခလုပ်ဖြစ်သည်)
Download Mode ထဲ သို့ ဆက်လက် ဝင်ရောက် မည်လား မေးမြန်းလိမ့်မည်။Volume Down ကို နှိပ်ပါ။ (Volume Down သည် ပါဝါ ခလုပ်နှင့် ကပ်လျှက် ရှိသည်။)
အထက်ပါ အဆင့်ပြီးပါက Download Mode ထဲ သို့ သင်ရောက်ရှိနေပြီ ဖြစ်သည်။သင်ဒေါင်းထားသော ODIN ဖိုင်ကို ဖြည့် ပြီး ဖွင့်ပါ။ (SAMSUNG KIES ကို လဲ Install လုပ်ထားပြီး ဖြစ်ရမည်။)သင့် Tablet ကို Computer မှာ တတ်လိုက်ပါ။ ODIN တွင် အဝါရောင် အကန့် လေး ပေါ်လာမည်။PDA ကိုရှာပါ ပြီးလျှင် ဘေးက Browse ကို နှိပ်ပြီး ယခင် ဒေါင်းထားသော သင့်စက် နှင့် သက်ဆိုင်သည့် CWM ဖိုင် ကို ရွေး ပါ။Auto Reboot ကို ရှာပြီး Check box မှ အမှန်ခြစ် ကို ဖြုတ်ပါ။
Start ကို နှိပ်ပါ။ ပြီး သွားလျှင် volume down and power ကို ဖိထားပြီး Download Mode ထဲက ထွက်ပါ။ ဆက်လက်ဖိထားပါ။ ထိုသို့ ဆက်လက်ဖိထားခြင်း ဖြင့် CWM ထဲသို့ ရောက်ရှိသွားလိမ့်မည်။
CWM ထဲ သို့ ရောက်ရှိသွားပါက။ Volume ခလုပ်နှင့် install zip from sdcard ကို သွားပါ။ Power ကို တစ်ချက်နှိပ်ပါ။ပြီးလျှင် zip from sdcard သို့ မဟုတ် internal storage ကို ရွှေးပါ။
ပြီးလျှင် စောစော က ကူးထည့်ထားတဲ့ CWM-root-gtab2.zip ဖိုင်ကို ရွေးလိုက်ပြီး Power ကို တစ်ချက်နှိပ်ပါ။Install လုပ်တဲ့ အဆင့် တွေ ပြီးသွားရင် Reboot လုပ်နိုင်ပါပြီ။
သင့် Application ထဲတွင် Super User ပေါ်လာပါလိမ့်မည်။

Root အဆင့် အားလုံး ပြီးမြောက်ပါပြီ။
                             

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......