ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

Android Setting ကို မြန်မာလိုပြောင်းနည်း

 ဒီပိုစ့်လေးကတော့ Nai Nai ဘလော့ကနေမလာတာပါ။ကျနော်လဲ
ပြောင်းကြည့်ချင်လိုက်ဗျာ ခက်တာက ကျနော်မှာက Sony Ericsson
ဖြစ်နေတယ် တကယ်လို လုပ်ချင်တဲ့ သူတွေရှိရင် ပြောင်းလိုရအောင် ရှယ်
လိုက်ပါ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်

၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။

၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။

၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။

၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။

>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။

မှတ်ချက်။ ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။

အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download

၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက System>app ထဲက setting.apk နဲ့ System>framework ထဲက framework-res.apk ကို copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။

၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့ framwork-res.apk ဖိုင်ကိုအဲဒီ other ဖိုဒါထဲကို ထည့်ပါ။

၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့ ဒုတိယ Setup.bat ကို run ပါ။

၎။ option 2 ကိုရွေးပါ။ Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။

၅။ ပြီးသွားလို့  screen ကိုပြန်ရောက်ရင် option 3 ကိုရွေးပါ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)

၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။

၇။ script.bat ကို Double click နှိပ်ပြီး run ပါ။

၈။Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။ အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။

၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။

ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)

၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။

၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။

၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။

၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။

၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။

၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။ (Note++ software အား Google တွင်အလွယ်တကူရှာပြီး Download & Install လုပ်နိုင်ပါတယ်)

၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။

၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)

၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)

၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)

၂၀။ ပြီးရင်တော့ အဲဒီ box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။

၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။ ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)

၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)

၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။

၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။

၂၅။ Building apk လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင် မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။ y ကိုရွေးပေးပါ။

၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို System_ ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။

၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။

၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၉။ CWM flashable zip ဒေါင်းရန်

၃၀။ 7zip software ဒေါင်းရန်

၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။

၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။

၃၃။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။

၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။

၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်

နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။ ။

Samsung တချို့ဖုန်းတွေအတွက် မရဘူးလို့ Feedback တွေရပါတယ်။ အဲဒီဖုန်းတွေအတွက်ကတော့ အဆင့် 1 ကနေ 5 အတိုင်း framework-res.apk အပြင် twframework-res.apk ဆိုတဲ့ file ကိုပါ တပါတည်း install လုပ်ကြည့်စေချင်ပါတယ်။

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......