ကျနော်ဘလော့ထဲမှာ တချို့ link တွေဒေါင်းလိုမရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး comment ရေးထားပေးခဲ့ပါ...

iPhone နှင့် iPod တွင် ဇော်ဂျီမြန်မာစာစနစ် အသုံးပြုနိုင်ပြီး

(iPhone, iPod Touch) အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ (iPhone, iPod Touch )အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို ( www.saturngod.net )နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏
(Operating Sytem )(OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။( iPhone, iPod Touch )အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
Zawgyi Font သည် System Font များကို Hack ပြီး မြန်မာစာလုံးများကိုထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Font သွင်းပြီးပါက Uninstall ပြန်လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Uninstall  ပြန်လုပ် မည်ဆိုပါက itune မှ Restore ပြန်လုပ်ရမည်ဖြစ်သည်။ Zawgyi Font Package သည် Application များအားလုံးနီးပါးတွင် မြန်မာစာပေါ်စေရန် Font များကို ပြုပြင်ထားခြင်းဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard ကိုသွင်းရာတွင် iKey Ex, Zawgyi Font နှင့်အခြားသော Dependencies များ အလိုအလျောက်သွင်းသွားမည်ဖြစ်သဖြင့် English စာတွင် Auto Correct မဖြစ်ခြင်း (3.1.2 တွင် Auto Correct အ လုပ်လုပ်ပါသည်။ သိပ်မသေချာသော်လည်း အများအားဖြင့်အလုပ်လုပ်) Keyboard အတက်နှေးခြင်း၊ အချို့သော OS 3.0 များတွင် Error တက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် OS3.1.2 Upgrade လုပ်ပြီးမှထည့်သွင်းခြင်းသည် ပိုမိုစိတ်ချရကြောင်းသိရသည်။ Zawgyi Keyboard သွင်းပြီးပါက iPhone, iPod Touch ကို Restart ချရမည်ဖြစ်သည်။ Keyboard ထည့်သွင်းနည်းအား ၀က်ဘ်ဆိုက်တွင် Flash Video ဖြင့်ဖော်ပြပေးထားပြီး Video အတွက် Connectoin အခက်အခဲရှိသူများအနေဖြင့် ပထမအဆင့် Setting ထဲမှ iKeyEx, iKeyEx မှ Mix and Match, Mix and Match မှ Make ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Layout ကို Zawgyi ရွေးရမည်ဖြစ်ပြီး Name အား Zawgyi ဟုပေးရမည်။ နာမည်ပေးပြီးပါက Mix and Match မှ iKeyEx, iKeyEx မှ Keyboard သို့ ပြန်သွားရမည်ဖြစ်သည်။ Keyboards သို့သွားပြီး Zawgyi  ဘေးနားရှိ (+) ကိုနှိပ်ပြီးပါက Keyboard Layout သွင်းခြင်းပြီးမြောက်သွားပြီဖြစ်သည်။ Keyboard ပြောင်းချင်ပါက ကမ္ဘာလုံးပုံလေးကိုနှိပ်ကာ ပြောင်းလဲနိုင်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard အသစ်ထွက်ခဲ့သောကြောင့် Upgrade လုပ်လိုပါက Cydia သို့သွားပြီး Changes ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် Refresh ကိုနှိပ်လိုက်ပါက Upgrade ပေါ်လာမည်ဖြစ်သည်။ Upgrade ပေါ်လာပါက Upgrade လုပ်နိုင်ပြီဖြစ်သည်။ Upgrade လုပ်ဆောင်ပြီးပါက Setting ထဲမှ iKeyEx, iKeyEx မှ Keyboards, Keyboard မှ Zawgyi ကို icon နှိပ်ရမည်ဖြစ်သည်။ ထို့နောက် iKeyEx မှ Settings ကို ပြန်သွားရမည်ဖြစ်သည်။ Settings ကို ပြန်သွားပြီးပါက Mix and Match မှ Zawgyi ကို Delete နှိပ်ရမည်ဖြစ်သည်။ Delete နှိပ်ပြီးပါက Mix and Match မှ Zawgyi Keyboard အား အပေါ်တွင်ပြခဲ့သော Video အတိုင်း ပြန်လည်ထည့်သွင်း နိုင်မည်ဖြစ်သည်။

Setting ထဲမှ General , General ထဲမှ Keyboard, Keyboard မှ Auto-Capitalization ကို Off လုပ်ထားပါက မြန်မာစာရိုက်ရာတွင် ပို၍အဆင်ပြေကြောင်းသိရသည်။

No comments:

Post a Comment

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်လာခဲ့မယ်ဆိုရင် တခုခုကို ရေးသွားလိုက်ပါ......